Chapter - 67

2.9K 321 5
                                    

Unicode

အပြင်ဖက်သို့ရောက်လာတဲ့အခါ ချီလန်ကသူ့လက်ကိုကောင်းမုရှင်းဆီမှဆောင့်ဖြုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်ကိုပွတ်လိုက်သည်။ လူကောင်ကသေးသေးနဲ့သူ့လက်ကိုဆောင့်ဆွဲသွားတာများ နာလိုက်တာ။

ချီလန်ကကောင်းမုရှင်းကိုတစ်ချက်ခပ်စူးစူးစိုက်ကြည့်ပြီး ထွက်သွားမလို့ပြင်လိုက်တော့သည်။

"သူတို့ကိုမနှောင့်ယှက်နဲ့..ခင်ဗျားသွားလို့လည်းဘာရမှာလဲ"

ကောင်းမုရှင်းရဲ့ဟန့်တားသံကြောင့် ချီလန်ကခြေလှမ်းကိုရပ်လိုက်ပြီး ကောင်းမုရှင်းကိုပြန်လှည့်ကြည့်လိုက်သည်။ကောင်းမုရှင်းကနှင်းဆီပွင့်တစ်ပွင့်ကိုမြင်တော့ ကိုယ်ကိုအနည်းငယ်ကိုင်းပြီးအနံ့ရှူရှိုက်လိုက်ရင်း ပြုံးလိုက်သည်။ ထိုပုံစံလေးကအပြစ်ကင်းစင်ပုံပေါ်ကာချစ်စရာကောင်းနေပေမဲ့ ကောင်းမုရှင်းရဲ့မျက်ဝန်းတစ်စုံကကောက်ကျစ်မှုတို့ကိုမြင်ရင်တော့ ထိုသို့မြင်နိုင်မှာမဟုတ်တော့ပေ။

"သူကဘယ်သူလဲ?ကျိုးကောနဲ့နှစ်ကိုယ်တည်းပြောမဲ့စကားကရောဘာလဲ..မင်းသိတယ်မလား"

ကောင်းမုရှင်းကမဲ့ပြုံးပြုံးလိုက်၏။
"ဒါပေါ့ သိတာပေါ့ဗျာ။ သူပြောမဲ့စကားကိုကျွန်တော်သိသလို..ကျွန်တော်သိထားတဲ့ ခင်ဗျားတို့ညီအစ်ကိုဆက်ဆံရေးကိုလည်းသူသိထားတယ်"

"...."

ချီလန်ကခပ်အေးအေးသာ ကောင်းမုရှင်းကိုစိုက်ကြည့်နေလိုက်သည်။ထိုအမူအရာကြောင့် ကောင်းမုရှင်းကမခံမရပ်နိုင်ဖြစ်သွားရသည်။ သူ့ကိုတောင်ကျိုးအိမ်တော်ကနေအလုပ်ဖြုတ်ခဲ့တဲ့ ကျိုးချီလန်ကသေချာပေါက် သူတို့ညီအစ်ကိုရဲ့ပတ်သတ်မှုကိုပေါက်ကြားသွားမှာကိုကြောက်နေမည်ဟုထင်ထားသည်။ အခုအခြားလူကိုသူတို့ညီအစ်ကိုဆက်ဆံရေးအကြောင်းပြောထားတာကို ဘယ်လိုမှမဖြစ်သွားဘူးလား။

ချီလန်ကပျင်းရိစွာလည်ပင်းကိုပွတ်သပ်လိုက်သည်။ထိုနောက်ကောင်းမုရှင်းကိုအေးစက်စွာစိုက်ကြည့်လိုက်၏။

"ကောင်းမုရှင်း၊မင်းငါ့ကိုခြိမ်းခြောက်နေတာလား"

"..."

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now