Chapter - 74

3.2K 371 2
                                    

Unicode

ဝမ်ရန်ကောကချီလန့်ကိုလူသူရှင်းသည့်ကလပ်၏တစ်နေရာသို့ဆွဲခေါ်လာလိုက်၏။ ထိုနောက်ချီလန်နဲ့မျက်နှာချင်းဆိုင်လိုက်ကာ မေးလိုက်သည်။

"ချီလန် မင်းဘယ်ချိန်ကရောက်နေတာလဲ?"

"ခုနလေးတင်ပဲ..ဒါနဲ့ မင်းအဆင်ပြေရဲ့လား?မင်းကိုကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ..မျက်နှာလည်းမကောင်းဘူး"

ချီလန်ဟာဝမ်ရန်ကောရဲ့မျက်နှာကိုစိုက်ကြည့်ပြီးမေးလိုက်၏။ ဝမ်ရန်ကောကချီလန့်ကိုကြည့်လိုက်ပြီးနောက် မျက်နှာကိုလွှဲလိုက်ပြီး သူ့ခံစားချက်ကိုဖုံးကွယ်လိုက်သည်။

"ဘာမှမဖြစ်ဘူး"

"...."

ချီလန်ကဝမ်ရန်ကောကိုတိတ်ဆိတ်စွာငေးကြည့်နေလိုက်သည်။ထိုနောက်သူဟာဝမ်ရန်ကောရဲ့လက်ကိုလှမ်းကိုင်လိုက်၏။

ဝမ်ရန်ကောကသူ့ကိုကြောင်အမ်းအမ်းဖြင့်ကြည့်လာပေမဲ့ နောက်တော့နားရွက်ဖျားတို့ကရဲပလောင်းခတ်လာသည်။

"ချီလန်..ဘာဖြစ်လို့လဲ?"

"ငါမင်းကိုတစ်နေရာကိုခေါ်သွားချင်တယ်..လိုက်ခဲ့"

ဝမ်ရန်ကောကအထွန့်မတတ်ပဲချက်ချင်း ချီလန်နှင့်အတူလိုက်သွားသည်။ကလပ်မှနေနာရီဝက်လောက်ထိမောင်းလာပြီးနောက် တောင်ကုန်းတစ်ခုပေါ်ရောက်တဲ့အခါ ချီလန်ကကားကိုတစ်နေရာမှာရပ်လိုက်ပြီး ကားအပြင်ကိုထွက်လာလိုက်၏။ဒီတောင်ကုန်းလေးကအပေါ်ကနေကြည့်ရင် တမြို့လုံးကိုမြင်နေရကာ လေတဖြူးဖြူးနဲ့တိုက်ခတ်နေလျက်ရှိသလို ပတ်ဝန်းကျင်ဟာလည်းတိတ်ဆိတ်ငြိမ်သတ်နေတော့ အလွန်ငြိမ်းချမ်းပြီးနေလို့ကောင်းလှသည်။

ဝမ်ရန်ကောကချီလန့်ကိုကြည့်လိုက်သည်။ပြောရရင် ဒီနေရာဟာသူစိတ်ညစ်တာတွေရှိရင် စိတ်အပန်းဖြေဖို့အမြဲလာနေကျနေရာပဲဖြစ်သည်။

"စိတ်ကြည်လင်သွားလား"

ချီလန်ကပြုံးလိုက်ပြီး ဝမ်ရန်ကောကိုမေးလိုက်၏။ဝမ်ရန်ကောကခေါင်းညိတ်လိုက်ကာ..

"အင်း..ဒီနေရာကငါစိတ်ညစ်ရင်အမြဲလာနေကျနေရာပဲ!ချီလန်..မင်းရောပဲလား။ငါတို့ကအကြိုက်တူတာပဲ"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now