[ E X T R A - 4.2 ]+mature+

1.3K 103 1
                                    

Unicode

"ချီ..ချီဟွား!"

ရှောင်ကျိုးက ချီဟွားရဲ့လက်ကိုအမြန်ဆုတ်ကိုင်လိုက်ကာ ဟန့်တားလိုက်သည်။ သူ့ရဲ့အကောင်က ချီဟွားရဲ့အထိအတွေ့ကြောင့် အရင်ကထက်ပိုမာလာသည်။

ရှောင်ကျိုးရဲ့မျက်နှာမှာ ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲတော့မတတ် နီရဲလာတော့သည်။

"အဲလိုမလုပ်ရဘူးလေဗျာ.."

"ဘာလို့လဲ?မင်းမာနေတာပဲမလား..ငါထိပေးမယ်"ဟူ၍ချီဟွားကပြောလည်းပြော လက်ကရှောင်ကျိုးရဲ့ထိုနေရာဆီသို့လှမ်းလိုက်လေသည်။ ဒါပေမဲ့ ရှောင်ကျိုးကသူ့လက်ကိုကိုင်ကာ တားဆီးထားတာကြောင့် ရှေ့တက်တိုး၍မရတဲ့အခါ မကျေမနပ်ဖြင့် ရှောင်ကျိုးကိုချီဟွားမော့ကာစိုက်ကြည့်လိုက်သည်။

ရှောင်ကျိုးကခပ်လေးလေးပြုံးလိုက်ပြီး..
"အဲလိုမလုပ်ပါနဲ့ဆို..ကျွန်တော်အလုပ်မခံနိုင်ဘူးနော်၊ ကိုယ်ချစ်တဲ့လူကို ဘာလို့ဒီလိုနိမ့်ကျတာကိုလုပ်ခိုင်းရမှာလဲ?"

ချီဟွားမှာကြောင်အမ်းသွားရသည်။
"နိမ့်ကျတယ်?မင်းက မင်းရဲ့ဒီအကောင်ကြီးကိုနိမ့်ကျတယ်လို့ပြောတာလား..အရူးလား"

"?"

"ငါသာဆို ဒီလောက်ထိကြီးတဲ့ဟာကိုပိုင်ဆိုင်ထားရင် ဝတ်ရုံလှန်ပြီးတော့ကို အကုန်လုံးရှေ့မှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့လိုက်ပြပစ်မှာပဲ"

"...."

ရှောင်ကျိုးမှာရယ်ရအခက်ငိုရအခက်ဖြစ်သွားရသည်။ ရှောင်ကျိုးကသူ့အောက်ပိုင်းကိုပြန်ငုံ့ကြည့်လိုက်သည်။ ဝတ်ရုံအောက်မှထိုးထောင်နေသောအငယ်ကောင်ကို သူလည်းမဝံ့ကြွားပဲနေမလား၊ ချစ်တဲ့လူက သူဝံ့ကြွားရတဲ့ထိုအရာကိုပြုစုပေးမှာကိုမခံချင်ပဲနေမလား၊ ဒါပေမဲ့ တစ်ဖက်မှာလည်း သူတန်ဖိုးထားရတဲ့သူကို ဒီလိုအလုပ်မျိုးလုပ်ခွင့်မပေးရက်ဘူးဖြစ်နေသည်။

ရှောင်ကျိုးတစ်ယောက် အတွေးများနေစဥ်မှာပဲ စိတ်မရှည်တော့တဲ့ ချီဟွားဟာ ရှောင်ကျိုးရဲ့ဝတ်ရုံကိုမကာ အောက်ကဘောင်းဘီကိုဆွဲချွတ်လိုက်တော့သည်။ လှုပ်ရှားမှုကမြန်ဆန်လွန်းတာကြောင့် ရှောင်ကျိုးတစ်ယောက်မတားဆီးလိုက်နိုင်ပဲ ဘောင်းဘီအချွတ်ခံလိုက်ရတဲ့အခါ သူ့ရဲ့ကျောက်စိမ်းချောင်းကအပြင်သို့ငေါက်ကနဲထောင်ထွက်လာတော့သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now