Chapter - 88

2.9K 334 8
                                    

Unicode

ချီလန်ဟာ ပထမတော့ညစာစားပြီးတာနှင့် Hotelသို့သွားမည်ဟုစဥ်းစားထားသော်လည်း နောက်တော့အကြံတစ်ခုရကာ သူ့ရဲ့ကျိုးအိမ်တော်သို့ဝမ်ရန်ကောကိုခေါ်လာလိုက်လေသည်။

ဝမ်ရန်ကောကချီလန့်လက်ကိုဆုတ်ကိုင်ထားရင်း စိုးရိမ်ပူပန်စွာမေးလိုက်သည်။

"မင်းအစ်ကိုရှိတယ်မလား..ဖြစ်ပါ့မလား။သူကိုယ့်ကိုမှသဘောမကျတာ.."

မသိရင်၊တစ်ဖက်မိဘနှင့်တွေ့တော့မှာမလို့ ကြိုတင်ပြီး စိုးရိမ်နေသည့်သတို့သားလောင်းတစ်ယောက်အတိုင်းပင်။ ကျိုးချန်ကုန်းကလည်း ချီလန့်ချစ်သူဆိုတာကို ဝမ်ရန်ကောတစ်ယောက်မေ့များနေသလား။

ချီလန်ဟာခပ်ထစ်ထစ်ပြုံးလိုက်ပြီး..
"မင်းကိုသူသဘောမကျတာသဘာဝပဲလေ။မင်းကိုတင်မဟုတ်ဘူး..ကောကအခြားနှစ်ယောက်ကိုလည်းသဘောမကျဘူး။ ဒါမဲ့ ကောနဲ့သင့်မြတ်အောင်လုပ်ဖို့ မင်းမှာအခွင့်အရေးရှိတာပဲလေ။လာပါ အထဲကိုဝင်ကြရအောင်.."

"အင်း!"

ဝမ်ရန်ကောကတော့ ချီလန်ဆွဲခေါ်ရာသို့လိုက်ပါသွားရင်း ခေါင်းထဲမှာလည်း ကျိုးချန်ကုန်းနှင့်မည်သို့အဆင်ပြေအောင်နေရမလဲဟုတွေးတောနေတော့သည်။ သူတို့အိမ်ထဲသို့ရောက်တဲ့အခါ ရယ်မောသံတို့ကိုကြားလိုက်ရသည်။

"ဧည့်သည်များရောက်နေတာလား??"ဟုဝမ်ရန်ကောဟာချီလန်အနားကပ်ကာတီးတိုးမေးလိုက်သည်။

ချီလန်ဟာတော့ခပ်ပြုံးပြုံးဖြင့်သာ ဝမ်ရန်ကောမေးသည်ကိုအင်းမလုပ်အဲမလုပ်ဖြင့် ဧည့်ခန်းဆီသို့ခေါ်ဆောင်သွားလေသည်။ ဧည့်ခန်းသို့ရောက်တဲ့အခါ မြင်လိုက်ရတဲ့လူကြောင့် ဝမ်ရန်ကောကမျက်လုံးလေးပြူးသွားသည်။

"ရှရီ!မင်းဒီမှာဘာလုပ်နေတာလဲ!!"

ရယ်မောနေသည့်ရှရီဟာ ဟိန်းခနဲထွက်လာသည့်အသံကြောင့် လန့်သွားကာ လှည့်ကြည့်လိုက်တော့ဝမ်ရန်ကောကိုမြင်လိုက်တဲ့အခိုက် သူကပို၍ထိပ်လန့်သွားရသည်။

'ဝမ်ရန်ကောကဘာလို့ကျိုးချီလန်နဲ့အတူပါလာတာလဲ!သူပါလာမယ်လို့ငါမသိထားဘူးလေ!'

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now