Chapter - 92

2.9K 297 6
                                    

Unicode

"ဒါဆို မင်းဒီအခန်းမှာအိပ်လို့အဆင်ပြေတယ်မလား"

ချီလန်ဟာခေါင်းအုံးနှင့်စောင်တို့ကိုကုတင်ပေါ်သို့ပစ်တင်လိုက်ရင်း သူ့အနောက်မှာရပ်နေသည့် ဝမ်ရန်ကောအားလှည့်ကြည့်ကာမေးလိုက်သည်။ ဝမ်ရန်ကောကအားနာနေဟန်ရှိကာ သူကခေါင်းကိုဖြည်းညည်းစွာညိတ်ပြလာ၏။

ဝမ်ရန်ကော၏အားနာတတ်မှုကိုသတိထားမိပေမဲ့ ချီလန်ဟာလျစ်လျူရှုလိုက်ကာ မသိချင်ယောင်ဆောင်လိုက်သည်။

"မင်းမအိပ်ခင် ရေချိုးလိုက်လေ။ဒီနေ့လျှောက်လည်ထားတော့ တကိုယ်လုံးနံစော်နေလိမ့်မယ်။ ခဏစောင့် ငါမင်းအတွက်အဝတ်အစားပေးမယ်"

"ဟို..ကိုယ်အဆင်ပြေ-"

ဝမ်ရန်ကောဟန့်တားခြင်းမပြုရသေးခင်ပဲ ချီလန်ဟာအခန်းထဲကထွက်လို့သွားပြီဖြစ်သည်။ ဒါကြောင့်ဝမ်ရန်ကောလည်း ငြင်းဖို့ရာမတတ်နိုင်တော့ပဲ နောက်ဆက်တွဲအနေဖြင့် သူ့ဖုန်း၊လက်ကလက်ပတ်နာရီတို့ကိုချွတ်ကာ စားပွဲပေါ်တင်လိုက်၏။ ထိုနောက် ဝမ်ရန်ကောဟာသူ့ရဲ့အင်္ကျီအားကြယ်သီးတစ်လုံးချင်းဆီဖြုတ်ရင်း ချွတ်လိုက်၏။ ဘောင်းဘီကိုဇစ်ဆွဲဖြုတ်နေစဥ် ချီလန်ကအခန်းထဲသို့ပြန်ရောက်လာသည်။

"ရန်ကော..ဒီမှာမင်းအတွက်အဝတ်အစားနဲ့သဘတ်ရယ်..နောက်ထပ်လိုအပ်မဲ့ပစ္စည်းတွေ..!အာ..မင်းကအဝတ်တောင်ချွတ်နေပြီပဲ။ဆောရီး..ငါတံခါးခေါက်လိုက်သင့်တာ"

ချီလန်ဟာအားနာသည့်ဟန်လေးဖြင့်ပြောသည်။ ဝမ်ရန်ကောကလက်ယမ်းပြလိုက်ပြီး ချီလန့်အနားသို့လျှောက်သွားကာ ချီလန့်လက်ထဲကအဝတ်အစားတို့ကိုယူလိုက်၏။

"မဟုတ်တာ၊ဒါကမင်းအိမ်ပဲလေ။မင်းသဘောကျဝင်နိုင်ထွက်နိုင်တာပဲ။"

"မင်းပြောတာလည်း မှန်သားပဲ။ကဲပါ ရေသွားချိုးတော့ တစ်ခုခုလိုအပ်ရင် ငါ့ကိုပြော၊ငါအပြင်မှာရှိနေမယ်.."

ချီလန့်ရဲ့စကားအရသူရေချိုးမည်ကို ထိုင်စောင့်နေမည့်သဘောရှိတာကြောင့် ဝမ်ရန်ကောဟာရှက်ရွံ့သွားလျက် ပါးပြင်တို့ဟာပန်းရောင်သမ်းလို့သွား၏။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now