Chapter - 12

6.1K 654 22
                                    

Unicode

ကျိုးချန်ကုန်းက ကား၏ပြတင်းပေါက်အပြင်ကိုတစ်ချက်ကြည့်လိုက်သည်။သူ့ရဲ့ခြေထောက်တစ်ဖက်ကတလှုပ်လှုပ်ဖြစ်နေပြီး လက်ပတ်နာရီကိုလည်း ခဏခဏကြည့်လို့နေသည်။

"ကားကိုအမြန်လေးမောင်းပါလား.."ဟု သူဒါရိုက်ဘာကိုလှမ်းပြောလိုက်တယ်။

ထိုအခါ ဘေးမှာထိုင်နေသည့် ကျိုးသခင်ကြီးက သားဖြစ်သူအား စိုက်ကြည့်လိုက်ပြီး သိချင်စိတ်ကြောင့်မေးလိုက်တယ်။

"ချန်ကုန်း..သားဘာတွေအလောကြီးနေရတာလဲ?"

ကျိုးချန်ကုန်းက ပြုံး၍"အဖေထင်လို့ပါ..သားမလောပါဘူး"ဟုပြန်ပြောလိုက်တယ်။ထိုအခါ ကျိုးသခင်ကြီးက သူ့ကိုအစမရှိအဆုံးမရှိမေးခွန်းတစ်ခုမေးလာတယ်။

"ဒါနဲ့ မင်းမှာတွေ့နေတဲ့လူများရှိနေလား?"

ကျိုးချန်ကုန်းရဲ့မျက်နှာကရဲခနဲဖြစ်သွားပြီး လည်ပင်းကိုပွတ်သပ်လိုက်တယ်။
"မ-မရှိပါဘူး..အဖေ!"

ကျိုးသခင်ကြီးက မယုံကြည်ချေ။

"ဟားဟား..ဟုတ်လို့လားငါ့သားရာ၊မင်းရဲ့မျက်နှာကနီရဲနေတာအဖေကမတွေ့ဖူးဆိုတော့..ကဲပါ၊တကယ်လို့သားမှာမိန်းကလေးရှိရင်လည်း ဒီအဖေ့ကိုခေါ်လာပြအုံး။ငါ့သားသဘောကျတဲ့မိန်းကလေးက ဘယ်လိုမိန်းကလေးမျိုးလည်းဆိုတာ အဖေလည်းသိချင်တာပေါ့"

"ဟုတ်ကဲ့ပါ အဖေရယ်"

ကျိုးချန်ကုန်း သက်ပြင်းသာချမိတယ်။ပြောလိုက်ချင်ပါတယ်၊အဖေ့သားတွေ့နေတဲ့လူက မိန်းကလေးတော့မဟုတ်ပဲ၊ယောကျာ်းလေးပါဆိုတာ၊နောက်ပြီး အဲ့ယောကျာ်းလေးကလည်း အဖေ့ရဲ့သားပဲဟု။ထိုသို့ပြောလိုက်ရင် နေရာမှာတင်သူ့အဖေတော့သွေးအန်ပြီးသေဆုံးသွားနိုင်သည်။

ချီလန်နဲ့ညီအစ်ကိုမကျချစ်သူမကျဆက်ဆံရေးဖြစ်ပြီးနောက်ပိုင်း သူဟာအဖေနဲ့ကုမ္ပဏီအမြဲလိုက်သွားလေ့ရှိလာတယ်။အကြောင်းမှာ ကုမ္ပဏီကိစ္စတွေကိုသိချင်လာခဲ့တာကြောင့်ဖြစ်တယ်။ဟုတ်တယ်၊ကုမ္ပဏီရဲ့ဆက်ခံသူနေရာကိုသူရယူတော့မည်။အရင်တုန်းကတော့ ကာကွယ်ပေးရမဲ့လူမရှိသောကြောင့် ပေါ့ပေါ့တန်တန်နေခဲ့ပေမဲ့ အခုသူ့မှာကာကွယ်ပေးရမဲ့ချီလန်ရှိနေခဲ့ပြီ။ ချီလန်ကိုလည်း ဆက်ခံသူအကြောင်းဆွေးနွေးခဲ့တော့ ချီလန်ပြောသည်က"ယူချင်ယူမယူချင်နေ..ကျွန်တော်တော့စိတ်မဝင်စားဘူး"တဲ့။သူချစ်ရတဲ့ချီလန်ပီသပါပေတယ်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now