Chapter - 24

5.2K 598 100
                                    


Unicode

ချီလန်ကပူတင်းကိုအားရပါးရစားသောက်နေစဥ် အနောက်မှသူ့ပုခုံးကိုအပုတ်ခံလိုက်ရတာကြောင့် မျက်မှောင်ကျုံ့ကာလှည့်ကြည့်လိုက်သည်။ ဝမ်ရန်ကောကိုမြင်တဲ့အခါတွန့်ကျနေသောမျက်ခုံးတို့ကပြန်လည်ပြေလျော့သွားသည်။

"ချီလန်..မင်းတစ်ယောက်ထဲလား"

"..."
တစ်ယောက်ထဲရှိနေတာကိုမြင်ရက်နဲ့တစ်ယောက်ထဲလားဆိုတော့ ချီလန်မျက်နှာမှုန်တေတေဖြစ်သွားသည်။ဒါပေမဲ့ ဘာမှမဖြစ်သလိုတုန့်ပြန်မှုပေးလိုက်သည်။
"အင်း...မင်းကတော့နှစ်ယောက်ပေါ့"

"ဟမ်?"

ဝမ်ရန်ကောကချီလန်ရဲ့စကားကြောင့်ကြောင်အမ်းနေချိန် ကုန်းရီရှောင်ရဲ့အသံကထွက်ပေါ်လာသည်။

"အဟမ်း ငါနဲ့သူကအတူလာတာမဟုတ်ဘူး။ငါကအချိုမုန့်စားမလို့လာတာ..ဖယ်"ဟုပြောပြီး ကုန်းရီရှောင်က သူ့ရှေ့၌ကွယ်နေသောဝမ်ရန်ကောကိုဆောင့်တွန်းကာ ချီလန်ရှေ့ကိုဝင်ရပ်သည်။ချီလန်ကပူတင်းစားထားတာကြောင့်သူ့ပါးလေးကဖောင်းနေသည်။သူကကုန်းရီရှောင်ကိုနက်ဆွေးနေသောမျက်ဝန်းဖြင့်စိုက်ကြည့်နေသည်က ကြောင်ကလေးလိုပဲ။ ကုန်းရီရှောင်ကထိုရုပ်ကလေးကိုကြည့်ပြီး ချစ်ဖို့ကောင်းသည်ဟုတွေးလိုက်မိသည်။

{ကုန်းရီရှောင်၏နှစ်သက်မှုရာခိုင်နှုန်း 30%}

ကုန်းရီရှောင်ကသူဟာသူဘာတွေးလိုက်မိသလဲဆိုတာပြန်ပြီးသတိထားမိကာ တောင့်တင်းသွားလေသည်။ ထိုနောက် သူ့ဘာသာရှက်ယမ်းယမ်းကာ ချီလန်ကိုဘေးကိုတွန်းထုတ်လိုက်ပြီး ပန်းကန်ထဲ၌နောက်ဆုံးကျန်သော နို့ချောကလက်တစ်ခဲကိုပါးစပ်ထဲကောက်ထည့်လိုက်သည်။ ချိုစိမ့်နေသည့်အရသာကလျှာပေါ်ပျော်ဝင်လာတဲ့အခါ ကုန်းရီရှောင်မျက်နှာမဲ့သွားသည်။ သူကအချိုမကြိုက်တာပေ၊အခုကယောင်ယမ်းပြီးတွေ့တာပါးစပ်ထဲကောက်ထည့်လိုက်မိတာဖြစ်တယ်။ ဒါပေမဲ့အကြည့်စူးစူးတစ်ခုကိုခံစားမိတာကြောင့် ဘေးကိုလှည့်ကြည့်မိတော့ ချီလန်ကသူ့ကိုမျက်လုံးမှေးကျဥ်းလျက်အမြင်မကြည်စွာစိုက်ကြည့်နေသည်။ ကြည့်ရတာ နောက်ဆုံးကျန်သောနို့ချောကလက်ကို သူစားသွားလို့ဖြစ်ရမည်။ ကုန်းရီရှောင်လည်းဘာရယ်မဟုတ်ပဲ စိတ်ထဲမကောင်းဖြစ်သွားကာ အနီး၌ရှိသောသကြားခဲခွက်ထဲကတစ်ခဲကိုနှိုက်ယူချီလန်ကိုပေးလိုက်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now