Chapter - 32

5.1K 548 17
                                    

Unicode

ကျိုးချန်ကုန်းရေချိုးနေစဥ် ချီလန်ဟာအခန်းပြင်သို့ထွက်လာခဲ့တယ်။ မနေ့ကနေမနက်ထိsexလုပ်ခဲ့ပေမဲ့လည်း ချီလန်ဟာသန်မာပြီးသားဖြစ်တာကြောင့် အနားယူစရာမလိုချေ။ ရေချိုးလိုက်သည်နှင့်လူကအလိုလိုလန်းဆန်းသွားတယ်။

သူကတစ်နေရာသို့ရောက်တဲ့အခါ လူနှစ်ယောက်ကိုမြင်လိုက်ရတယ်။ ထိုလူနှစ်ယောက်ကတော့ အထိန်းတော်ကြီးနှင့်ကောင်းမုရှင်းဖြစ်နေသည်။ ချီလန်ကဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာရပ်ကြည့်နေရင်း တစ်စုံတစ်ခုကိုတွေးမိသွားကာ ထိုနှစ်ယောက်ဆီသို့တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

"ဘာတွေပြောနေကြတာလဲ..ကျွန်တော်လည်းနားထောင်မယ်လေ"ဟုပြောဆိုရင်း ချီလန်ကထီမထင်အပြုံးတစ်ခုဖြင့် အထိန်းတော်နဲ့ကောင်းမုရှင်းရဲ့ဘေး၌ဝင်ရပ်လာ၏။ ကောင်းမုရှင်းကချီလန့်ကိုမြင်တော့ အပြစ်လုပ်ထားသလိုမျိုးအနည်းငယ်ထိတ်လန့်သွားဟန်ရှိကာ သေချာကြည့်ရင်သူ့မျက်ဝန်းထဲ၌မနာလိုမှုအရိပ်အယောင်တချို့လည်းထင်ဟပ်နေသေးသည်။

အထိန်းတော်ကြီးဟာတော့ ချီလန့်ကိုအရိုအသေပေးလာပြီး သူကချီလန့်ရဲ့စကားကိုပြန်ဖြေသည်။

"အခုထိဘာစကားမှမပြောရသေးပါဘူးဗျာ။ အစေခံရှရှင်းက ကျွန်တော့်ကိုပြောစရာရှိတယ်ဆိုလို့ နားထောင်မလို့လုပ်နေတုန်းပါဗျ.."

"သြော်~"

ချီလန်ကကောင်းမုရှင်းကိုစိုက်ကြည့်လိုက်သည်။ကောင်းမုရှင်းကသူ့အကြည့်တို့ကိုရှောင်ပြေးနေသည်ကိုမြင်တော့ ချီလန်ကသံသယပိုဝင်လာသည်။ ချီလန်ကပြုံးလိုက်ပြီး အထိန်းတော်ကြီးကိုပြောလိုက်တယ်။

"အထိန်းတော်ကြီးကအလုပ်တွေရှုပ်နေမှာပဲ။အရင်သွားလိုက်ပါ..အစေခံရှရှင်းပြောချင်တဲ့စကားကိုအထိန်းတော်အစား ကျွန်တော်ပဲနားထောင်လိုက်မယ်။နောက်မှ အထိန်းတော်ကိုပြန်ပြောပေးမယ်လေ"

အထိန်းတော်ကြီးကလည်း တကယ်ပဲသူ့မှာအလုပ်တွေရှိသေးတာကြောင့် ချီလန့်အကြံကိုကြားတဲ့အခါချက်ချင်းလက်ခံလာ၏။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now