Chapter- 21

5.5K 623 13
                                    

Unicode

ဒုန်း ဒုန်း ဒုန်း

တံခါးထုသံကြောင့် ချီလန်တစ်ယောက်အသေကောင်လိုအိပ်ပျော်နေရာမှနိုးလာလေတယ်။ သူထလိုက်ပြီးသူ့ရဲ့ဆံပင်ကိုရှုပ်ဖွပစ်လိုက်တယ်။ ဘယ်လိုဖြစ်ပြီးအိပ်ပျော်သွားသလဲတောင်သူမသိလိုက်ဘူး။ ထိုနောက်သူ့ရဲ့အဝတ်အစားကိုသေသေသပ်သပ်ဖြစ်အောင်ပြင်ဆင်လိုက်ပြီးသည်နှင့် တံခါးသွားဖွင့်လိုက်တော့တယ်။ တံခါးကိုထပ်ထုမလို့ပြင်နေတဲ့ကျိုးချန်ကုန်းကိုမြင်လိုက်ရသည်။

"ချန်ကော?ပြန်လာပြီလား..မြန်လိုက်တာ"

ကျိုးချန်ကုန်းက ချီလန်ရဲ့စကားကြောင့်ပြုံးလိုက်ပြီး ချီလန်ရဲ့ရှုပ်ပွနေသောဆံပင်ကိုသပ်ပေးလိုက်တယ်။

"ချီလန်..အိပ်နေပြန်ပြီလား။အခုဘယ်အချိန်ရှိနေပြီလဲဆိုတာရောသိရဲ့လား..အဖေတောင်ကုမ္ပဏီကနေပြန်ရောက်နေပြီ"

ချီလန်လည်း"အာ"ဆိုပြီးအာမေဋိတ်သံပေးလိုက်တယ်။အချိန်ကအဲ့လောက်ထိရောက်သွားပြီမှန်းသူသတိမထားမိဘူး။

"ကော..ဝင်ခဲ့"

ချီလန် ကျိုးချန်ကုန်းကိုအခန်းထဲဝင်ရန်ဖိတ်ခေါ်လိုက်ပြီး သူလည်းဆိုဖာ၌ဝင်ထိုင်လိုက်တယ်။ကျိုးချန်ကုန်းကတော့သူ့ဘေး၌လာထိုင်ပြီး သူ့ရဲ့အကြည့်တွေကကုတင်ဆီဝဲပျံနေတယ်။နားရွက်တွေကလည်းရဲတွတ်လို့လာသည်။ ချီလန်ကသတိထားမိတဲ့အခါ ကျိုးချန်ကုန်းရဲ့ပုခုံးကိုပုတ်လိုက်ပြီးမေးလိုက်တယ်။

"ဘာဖြစ်တာလဲ..ကုတင်ပေါ်မှာဘာရှိလို့အဲ့လောက်ထိစိုက်ကြည့်နေတာလဲ?"

ကျိုးချန်ကုန်းကပါးစပ်ဟလိုက်ပေမဲ့မမေးရဲဖြစ်နေတာကြောင့်သူ့ပါးစပ်ကိုပြန်ပိတ်လိုက်တယ်။ဒါပေမဲ့ချီလန်ကသူ့ကိုစိုက်ကြည့်နေတာကြောင့် နောက်ဆုံးမနေနိုင်တော့ပဲမေးလိုက်တော့တယ်။

"ချီလန်..ဟို..မင်းရဲ့ခါးကအဆင်ပြေလား?ဟို..ဟိုနေရာကရောနာ-နာနေသေးလားဟင်"

"...."

ချီလန်မှာရုတ်တရက်မည်သို့တုန့်ပြန်ရမလဲမသိဖြစ်ကာ ကြောင်ငေးလို့သွားသည်။ ကျိုးချန်ကုန်းဘာကိုပြောနေသလဲသူနားမလည်ချေ။သူ့ခါးကိုဘာလို့လာစိတ်ပူနေတာလဲ။စိတ်ပူမဲ့ပူတော့သူ့ခြေထောက်ကဒဏ်ရာကိုပူသင့်တာလေ။ပြီးတော့ ဟိုနေရာဆိုတာဘယ်နေရာလဲ။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now