Chapter - 68

3.2K 339 5
                                    

Unicode

ကျိုးချန်ကုန်းက ကျောက်သိုက်ကျန့်ရဲ့ရိသဲ့သဲ့လိုလိုစကားကြောင့်ဒေါသထွက်သွားကာ ထိုင်နေရာမှထလိုက်သည်။

"ခင်ဗျားဆီကအပိုစကားတွေနားထောင်ဖို့ ကျွန်တော့်မှာအချိန်ပိုမနေဘူး။ ခွင့်ပြုပါဦး"

ထိုသို့ယဥ်ကျေးစွာပြောလိုက်ပြီးနောက် ကျိုးချန်ကုန်းဟာ ကျောက်သိုက်ကျန့်ကိုလှည့်မကြည့်တော့ပဲအခန်းထဲမှထွက်သွားဖို့ပြင်လိုက်သည်။

"မင်းရဲ့ညီဆီကိုသွားမလို့လား။မင်းကသူ့ကိုအတော်ဂရုစိုက်တာပဲ..ဒါကကိုယ့်ကိုမနာလိုဖြစ်စေတယ်"

နောက်ပါးဆီမှထွက်ပေါ်လာသည့် ကျောက်သိုက်ကျန့်ရဲ့စကားအဆုံးမှာ ကျိုးချန်ကုန်းတစ်ယောက်ခေါင်းတစ်ခုလုံးမိုက်ခနဲဖြစ်သွားကာ ခန္ဓာကိုယ်တစ်ခုလုံးပူလောင်လာသည်။ သူ့ခန္ဓာကိုယ်ယိုင်ကျသွားတော့မဲ့အချိန်မှာပဲ ကျောက်သိုက်ကျန့်ဟာသူ့ဘေးရောက်လာလျက် သူ့လက်မောင်းမှနေထိန်းကိုင်ပေးလာ၏။

"အဟင်း အဆင်ပြေရဲ့လား"

"မစ္စတာကျောက် ခင်ဗျားကျုပ်ကိုဘာလုပ်ထားတာလဲ!!"

ကျိုးချန်ကုန်းဒေါသတကြီးဖြင့်ကျောက်သိုက်ကျန့်ကိုအော်ဟစ်ပြီးမေးလိုက်သည်။ ကျောက်သိုက်ကျန့်ကသူ့ကိုထိန်းကူရင်းခုံ၌ပြန်ထိုင်စေ၏။ ထိုနောက်ထိုင်ခုံလက်ရန်းနှစ်ဖက်ဆီမှာလက်ထောက်လိုက်ပြီး ကျိုးချန်ကုန်းကိုအပေါ်မှနေအုပ်မိုးကာငုံ့ကြည့်လာ၏။

ကျိုးချန်ကုန်းဟာကျောင်သိုက်ကျန့်ပေးသောဝိုင်ကိုလည်း သူမသောက်မိပါဘူးဟုတွေးကာဘယ်ကနေဆေးမိသွားသလဲဆိုတာကိုတွေးလို့နေသည်။ ကျောက်သိုက်ကျန့်ကပြုံးလိုက်ပြီး သူ့ရဲ့အသက်ရှူသံတွေဟာလည်းပြင်းထန်လာ၏။ကြည့်ရတာသူလည်းဆေးမိနေပုံပေါ်သည်။

"မင်းဘယ်လိုလုပ်ပြီး.."

"ကိုယ်တို့သောက်မဲ့ဝိုင်ထဲမှာစိတ်ကြွဆေးတွေထည့်ထားခဲ့တယ်။ မင်းကမသောက်ဘူးလေ၊ဒါပေမဲ့ ကိစ္စမရှိပါဘူး။မင်းကိုပေးတဲ့ဝိုင်ခွက်မှာအသားနဲ့ထိလိုက်ရုံနဲ့စိတ်ကိုကြွလာစေတဲ့ဆေးရည်တမျိုးသုတ်ထားခဲ့တယ်။ကိုယ်ကတော့ ဝိုင်ထဲမှာပါတဲ့စိတ်ကြွဆေးကိုသောက်ထားလို့ပဲ.."

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now