Chapter - 55

3.4K 396 0
                                    

Unicode

ချီလန်ကခုံ၌ဝင်ထိုင်လိုက်ပြီး စစ်ရှီကိုလည်း သူ့ရှေ့ခုံ၌ဝင်ထိုင်ခိုင်းလိုက်သည်။ စစ်ရှီကခုံ၌ဝင်ထိုင်လိုက်ပြီးသည်နှင့် သူကသူသိချင်တာကိုချက်ချင်းမေးမြန်းလာသည်။

"ခင်ဗျားနဲ့ ဆရာကဘယ်လိုပတ်သတ်နေတာလဲ"

"ငါနဲ့သူ့ရဲ့ပတ်သတ်မှုကိုမမေးခင် မင်းကဘယ်သူဆိုတာကိုအရင်မိတ်ဆက်လေ"

စစ်ရှီကတစ်ဖက်လူရဲ့အထက်စီးလေသံကိုသဘောမကျပေမဲ့ ကျောကိုမတ်မတ်ထားလိုက်ပြီး သူကသူ့ကိုယ်သူစတင်မိတ်ဆက်လိုက်တယ်။

"ကျွန်တော့်နာမည်ကစစ်ရှီ..ဒီအိမ်ကအလုပ်သမားပါ။ဆရာနဲ့ကျွန်တော့်ရဲ့ပတ်သတ်မှုကိုလည်းတစ်ခါထဲပြောချင်တယ်။ ကျွန်တော်ကဆရာ့ရဲ့လိင်ဆက်ဆံဖော်ပါ။ ဆရာကခင်ဗျားမရောက်လာခင်ကတည်းက ကျွန်တော်နဲ့ပဲအိပ်ခဲ့တာပါ။ ဒါပေမဲ့ခင်ဗျားက.."

"ဘာလဲ..ငါကမင်းရဲ့ဆရာကိုမြူဆွယ်ထားတယ်လို့ထင်နေတာလား"

"..."

စစ်ရှီကဘာမှပြန်မပြောပေမဲ့ သူ့ကိုခပ်စူးစူးစိုက်ကြည့်နေပုံကသူပြောတာမှန်ကြောင်းပြောနေသလိုလို..။ ချီလန်ကခေါင်းကိုက်လာကာနားထင်ကိုဖိလိုက်သည်။ ကုန်းရီရှောင်ရဲ့အရှုပ်ဇယားကသူ့ကိုလာပြီးနှောင့်ယှက်လို့စိတ်ညစ်ခဲ့တာကို၊အခုလီယန့်ရဲ့အရှုပ်ထုတ်ကသူ့ဆီရောက်လာပြန်သည်။

ချီလန်ကစစ်ရှီကိုစိုက်ကြည့်လိုက်သည်။စစ်ရှီကချီလန့်ရဲ့အကြည့်ကြောင့် အသင့်ပြင်လိုက်သည်။သူထင်တာချီလန်ကသူ့ကိုကိုရီးယားကားတွေထဲကလို မောက်မာစွာဖြင့်ပြဿနာရှာတော့မည်ဟု။ ထိုသို့ပြဿနာရှာလာရင် သူကငြိမ်ခံပြီးအပြစ်ကင်းစင်စွာပြုမူဖို့စီစဥ်ထားပြီးသား..။

သို့သော်..

"ဟေး..မင်းငါ့ကိုဒီကနေထုတ်ပေးစမ်းပါ"

"အယ်..ဗျာ"

စစ်ရှီကအံ့သြသွားသည်။ တစ်ဖက်လူကသူထင်သလိုပြဿနာမရှာလာပဲ ဒီကခေါ်ထုတ်ပေးဖို့ပြောလာသည်။ စစ်ရှီကကြောင်အမ်းအမ်းဖြင့်ကြည့်နေမိသည်။ချီလန်ကစိတ်မရှည်တော့ပေ..။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now