Chapter - 53.5

4.4K 438 22
                                    

Unicode

နောက်တစ်နေ့မနက်..

*ဒေါက် ဒေါက်*

"ဆရာ မနက်စာစားဖို့အဆင်သင့်ဖြစ်ပါပြီ"ဟုအလုပ်သမားတစ်ယောက်က သူတို့သူဌေးရဲ့အခန်းတံခါးကိုသွားခေါက်သည်။ အထဲ၌ပြန်ပြောသံကိုမကြားတဲ့အခါ အလုပ်သမားလေးကစိတ်အားငယ်သွားသည်။ သူကအရဲစွန့်ပြီးအခန်းတံခါးကိုဖွင့်လိုက်ဖို့လုပ်ပေမဲ့ အပေါ်ထပ်ကိုတက်လာသောOneကသူ့ကိုမြင်သွားပြီး တားဆီးလိုက်သည်။

"မင်းဘာလုပ်နေတာလဲ..ဒီအထပ်ကိုမတက်လာဖို့ငါမနေ့ကသတိပေးခဲ့တယ်မဟုတ်ဘူးလား။အမိန့်ကိုမနာခံတာလား!"

အလုပ်သမားလေးကOneကိုကြောက်ရွံ့စွာကြည့်ပြီးနောက် ကိုယ်ကိုကျုံ့လိုက်ကာပြန်ပြော၏။

"မ-မဟုတ်ပါဘူးဗျ..ကျွန်တော်ကဆရာမနက်စာစားရအောင်လာခေါ်တာပါ..တောင်းပန်ပါတယ်"

"ဆရာမနက်စာစားချင်ရင်ငါတို့ကိုသူပြောလာလိမ့်မယ်။နောက်အခါ ခိုင်းတာမဟုတ်ပဲဘာမှမလုပ်နဲ့!ဒီတစ်ကြိမ်နောက်ဆုံးဖြစ်ပါစေ.."

"ဟုတ်-ဟုတ်ကဲ့ပါOne"

"သွားမယ်!"

oneကအရှေ့ကထွက်သွားတဲ့အခါ အလုပ်သမားလေးကတွန့်ဆုတ်တွန့်ဆုတ်ဖြင့် အခန်းတံခါးကိုကြည့်ရင်းoneအနောက်ကိုလိုက်သွားတော့သည်။ တစ်ဖက်တွင်တော့ အပြင်ကအသံတွေငြိမ်သွားတဲ့အခါ ချီလန်ကလီယန့်ရဲ့မျက်နှာကိုတွန်းထုတ်ရင်း အက်ကွဲနေသည့်အသံဖြင့်ပြောဆိုလိုက်သည်။

"မနက်စောစောစီးစီးကိုဘာဖြစ်နေတာလဲ..အခုကျုပ်အပေါ်ကဆင်း!"

လီယန်ကသူ့မျက်နှာကိုတွန်းထုတ်နေတဲ့လက်ကိုကိုက်ချလိုက်တဲ့အခါ ချီလန်ကလက်ကိုပြန်ရုတ်သွား၏။

"သေမလို့လာကိုက်နေတာလား!"

"မနက်ခင်းလေ့ကျင့်ခန်းမလုပ်ချင်ဘူးလား"

လီယန်ကထိုသို့ပြောရင်း ချီလန့်ရဲ့အောက်ပိုင်းဆီလက်တိုးဝင်သွား၏။ ချီလန်ကရုန်းကန်လိုက်ပြီး..

"မလုပ်ဘူး..သွား!ကျုပ်ခန္ဓာကိုယ်ကိုလည်းကြည့်ဦး..!"

ချီလန့်ရဲ့ခန္ဓာကိုယ်မှာ မြင်ရက်စရာမရှိလောက်အောင်အမှတ်အသားများနှင့်ကိုက်ရာများပြည့်နှက်လို့နေသည်။ကိုက်ရာတချို့ဆိုညိုမဲစွဲနေပြီး သွေးမတိတ်သေးတာလည်းရှိသေး၏။ရင်ဘတ်ကအသီးလေးဆိုရင် ဖူးယောင်ကိုင်းနေပြီးထိလိုက်တာနဲ့နာကျင်ရသည်။ ချီလန့်ရဲ့မျက်ဝန်းတွေကလည်းညကငိုယိုထားသောကြောင့် နီရဲနေပြီး နှုတ်ခမ်းတစ်စုံဟာလည်းသွေးစို့ကာယောင်ယမ်းနေ၏။

⚠I Became The 4th Male Lead⚠(Complete✔)Όπου ζουν οι ιστορίες. Ανακάλυψε τώρα