Chapter - 40

4.3K 507 18
                                    

Unicode

ချီလန်ခရီးစဥ်တစ်လျှောက်လုံးအိပ်စက်ကာလေယာဥ်ပေါ်၌လိုက်ပါချင်ပေမဲ့ အစားစားဖို့အတွက်ကျိုးချန်ကုန်းကသူ့ကိုလာနှိုးလေတယ်။ လေယာဥ်ပေါ်ကကျွေးသောအစားအစာကိုစားပြီးနောက် ချီလန်ကToiletသို့ထွက်လာခဲ့သည်။

သူလက်ဆေးနေတုံးမှာပဲ တံခါးခေါက်သံကြားသောကြောင့်ဖွင့်လိုက်တဲ့အခါ ကုန်းရီရှောင်ကိုတွေ့လိုက်ရပြီး သူကအတင်းအထဲကိုဝင်လာကာတံခါးကိုလည်းပိတ်ချသွားသည်။ ချီလန်မျက်မှောင်ကျုံ့လိုက်ပြီး..

"ကုန်းရီရှောင်..ဒါဘာလုပ်တာလဲ။မင်းသုံးမလို့ဆို ငါထွက်ပေးမယ်။ဖယ်ပေး.."

"ရှူးး မင်းအစ်ကိုသတိမထားမိခင်ကိုယ်မနည်းထွက်လာခဲ့တာ။ တိုးတိုးပြော.."

"ကျစ်!ဖယ်စမ်းပါ..မင်းဘာလုပ်မလို့လဲ"

"မင်းဒီနေ့ကိုယ့်ကိုတောင်အနမ်းမပေးရသေးဘူးလေ။မပေးချင်ဘူးလား..မင်းဆီကအနမ်းမရတော့ လေယာဥ်စီးရတာတောင်အားမရှိဘူး"

"...."

"အနမ်းပေးပါဦး..ကပ်စေးမနဲနဲ့နော်..ကိုယ်ကမင်းရဲ့ချစ်သူ"

ချီလန်တစ်ယောက်စိတ်ညစ်စွာကျစ်ခနဲစုပ်သတ်လိုက်တယ်။ကုန်းရီရှောင်ကိုချစ်သူအဖြစ်လက်ခံမိတာတောင်နောင်တရလာပြီ။ ဒါပေမဲ့လုံးဝကိုဖယ်ပေးမှာမဟုတ်တဲ့ကုန်းရီရှောင်ကြောင့် ချီလန်ကမတတ်နိုင်တဲ့အဆုံး သူ့ကိုစောင့်မျှော်နေသောကုန်းရီရှောင်ရဲ့မျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီး နောက်တော့ထိုမျက်နှာကိုလက်ဖြင့်ကိုင်လိုက်ပြီး နှုတ်ခမ်းပေါ်အနမ်းခြွေလိုက်သည်။

"ရပြီမလား။ဖယ်လိုက်တော့.."

ကုန်းရီရှောင်ကခပ်တိုးတိုးရယ်မောလာကာ..
"ချီလန်..ဒါကိုအနမ်းလို့ခေါ်နေတာလား။မင်းရဲ့လျှာကိုသုံးသင့်တယ်.."ဟုပြောကာ ကုန်းရီရှောင်ကသူ့လျှာရဲရဲခလေးကိုထုတ်ပြလာ၏။

ချီလန်သက်ပြင်းချလိုက်ပြီးနောက် ကုန်းရီရှောင်ရဲ့မေးရိုးကိုဖျစ်ညစ်လိုက်ပြီး အနမ်းတွေပေးလိုက်တော့သည်။နှစ်ဦးစလုံးလျှာနှစ်ခုဟာထိတွေ့ကာလှုပ်ရှားနေပြီး ဘယ်သူပိုသာသလဲဆိုတာကိုပြိုင်ဆိုင်နေကြ၏။ ချီလန်ကပထမစိတ်မပါပေမဲ့ ခံစားရးလို့ကောင်းသောအနမ်းတို့ကြားရောက်တဲ့အခါ စိတ်ကြွလာပြီး ကုန်းရီရှောင်ရဲ့ခါးကိုလက်တစ်ဖက်ဖြင့်ဖက်ထားလျက် ကျန်တစ်ဖက်ကတော့မေးရိုးကိုညစ်ကာကုန်းရီရှောင်ကိုတံခါးနဲ့ဖိပြီးနက်ရှိုင်းစွာနမ်းနေလေတော့သည်။ကုန်းရီရှောင်ကလည်း ချီလန်ဘက်ကတက်တက်ကြွကြွဖြင့်ဦးဆောင်သည်ကိုသဘောကျသူဖြစ်တာကြောင့် ချီလန်ရဲ့လည်ပင်းကိုဖက်ကာသူဟာလည်းချီလန်ရဲ့အနမ်းတွေကိုလှိုက်လှဲစွာတုန့်ပြန်မှုပေး၏။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now