Chapter - 6

6.4K 728 28
                                    


Unicode

ကျိုးချန်ကုန်းဟာ သူ့နှုတ်ခမ်းကိုလက်နဲ့ထိတွေ့လိုက်တယ်။နှုတ်ခမ်းထောင့်ကကွဲသွားကာ သွေးအနည်းငယ်ထွက်လာ၏။ ကျိုးချန်ကုန်း အနည်းငယ်တော့ဆွံ့အသွားသည်။သူကရန်ပွဲတွေမဖြစ်ဖူးသလို မည်သို့ရန်ဖြစ်ရမည်ဆိုတာကိုလည်းမသိချေ။ ဒါပေမဲ့ အခုကကျိုးချီလန်ကို အနိုင်ကျင့်နေတဲ့ လူတွေကြောင့် သူဝင်ပါမိလိုက်၏။သူ့ညီကိုကာကွယ်ချင်စိတ်နှင့်..။ ကျိုးချန်ကုန်း ပြန်ထကာသူ့ညီကိုထိုလူတွေရန်ကတတ်နိုင်သလောက်ကာကွယ်ရမည်ဟုတွေးလိုက်၏။သု့သော်..

ခွပ်*ဖောင်း*

လက်သီးထိုးသံခြေထောက်နှင့်ကန်ကျောက်သံများက ထွက်ပေါ်လာပြီး ကျိုးချီလန်ရဲ့သူငယ်ချင်းတွေက လဲကျကုန်၏။သူတို့ကိုထိုးကာကန်ကျောက်သည့်လူကတော့ ကျိုးချီလန်ပဲဖြစ်၏။ ကျိုးချီလန်က ကျိုးချန်ကုန်းကိုအနာတရဖြစ်အောင်လုပ်ခဲ့သောကောင်၏လက်ကိုချိုးပစ်လိုက်၏။

အရိုးကျိုးသည့်အသံနှင့်အတူ နာကျင်ကာအော်ကျွေးသံဟာထွက်ပေါ်လာ၏။ ကြည့်နေကြသည့် လူများမှာ ကြောက်လန့်ကုန်ကြသည်။ အပျော်မယ်လေးများမှာလည်း ခုံပေါ်မှာတစ်စုတစ်စည်းတည်းထိုင်ကာ တစ်ယောက်ကိုတစ်ယောက်ဖက်ထားကြ၏။ သူမတို့က မမြင်ဖူးသောကျိုးချီလန်ရဲ့ပုံစံကိုမသိမသာခိုးကြည့်နေမိကြ၏။

ဒီကလပ်ကို ကျိုးချီလန်တို့အဖွဲ့ကတပတ်မှာသုံးရက်လောက်တော့အနည်းဆုံးလာကြသည်။ သူမတို့ကိုခေါ်တိုင်း ကျိုးချီလန်ရဲ့အပြုအမူတွေကိုအမြဲသတိထားမိသည်။ကျိုးချီလန်က သူ့သူငယ်ချင်းတွေပြောသမျှဆိုသမျှစိတ်မဆိုးပဲအမြဲနာခံလေ့ရှိသည်။ အရက်ဖိုးဆိုလည်း ကျိုးချီလန်ကပဲအမြဲရှင်းပေးလေ့ရှိတယ်။ မသိရင် ကျိုးချီလန်က ဒီလေးယောက်ရဲ့နောက်လိုက်ခွေးတကောင်လိုပဲ..။

အခုတော့ ကျိုးချီလန်ကိုနောက်လိုက်ခွေးလို့မမြင်တော့ပေ၊ကျိုးချီလန်က သိုးရေခြုံထားတဲ့မြေခွေးပဲဖြစ်တယ်။ သူမတို့က ကျိုးချီလန်အား ရန်စခြင်းမလုပ်ခဲ့မိသည့်အတွက်ဝမ်းသာနေမိကြ၏။

ကျိုးချီလန်က လက်ချိုးလိုက်သည့်ကောင်ကို နံရံသို့လွင့်ထွက်သည်အထိ ဆောင့်ကန်လိုက်ပြီး နောက်ထပ်တစ်ယောက်ဆီသို့လျှောက်သွားလိုက်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now