Chapter - 91

2.6K 281 3
                                    

Unicode

လီယန်ကဟင်းများချက်ပြုတ်ပြီးသည်နောက် စားပွဲပေါ်သို့အစားအသောက်များတင်လိုက်သည်။ သူဟင်းချက်တတ်သည်ကို ထူးဆန်းနေကြမည်ဆိုတာကိုသူသိသည်။သို့သော် သူကမည်သူနည်း။နောက်ထပ်တစ်ယောက်ထပ်မရှိနိုင်သည့် နတ်ဆိုးဘုရင်လေ။ လူသားတွေတတ်မြှောက်သည့်အရာကို အနည်းငယ်လေ့လာအကဲခတ်ရုံဖြင့် သူဟာအလွယ်လေးတတ်မြှောက်နိုင်သည်။ သူကဉာဏ်ကြီးရှင်ဖြစ်တာကြောင့်လည်းပါလိမ့်မည်။

လီယန်ဟာသူ့ကိုယ်သူအမွှန်းတင်နေစဥ်မှာ သူ့ရှေ့ကသုံးယောက်ကတော့ လီယန်ချက်သည့်ဟင်းလျာတို့ကိုအပီအပြင်ကြိတ်နေကြတော့သည်။ ချီလန်မှာလီယန်တစ်ယောက်ချက်ပြုတ်တတ်သည်ဆိုတာကို ဟင်းလျာတွေကိုမြည်းစမ်းကြည့်ပြီးနောက် ယုံကြည်သွားလေသည်။

"အရမ်းကောင်းတာပဲ လီယန်!ခင်ဗျားတကယ်ကြီးချက်ပြုတ်တတ်တာပဲ..ကျွန်တော်ယုံသွားပြီ"

"အဟက် ကိုယ်ပြောသားပဲ.."

လီယန်ကဟက်ခနဲမောက်မာစွာပြုံးပြလာ၏။ သူကချီးကျူးခံရမှုကြောင့် ဘဝင်မြင့်လို့နေသည်။

"ဟိုကောင်တွေ..သေအောင်စားမနေနဲ့..အကူအညီကျတော့နည်းနည်းမှမရပဲနဲ့.."ဟုလီယန်ဟာကျိုးချန်ကုန်းနှင့်ဝမ်ရန်ကောကိုအေးစက်စက်စိုက်ကြည့်ကာပြောလိုက်သည်။

ထိုနှစ်ယောက်သားဟာသူ့စကားကိုမကြားချင်ယောင်ဆောင်ကာ ဟင်းတွေကိုတောင်ပိုထည့်ပြီးစားသောက်နေကြသေး၏။လီယန်ကခေါင်းယမ်းလိုက်ကာ ချီလန့်ရဲ့ပန်းကန်ထဲသို့ဟင်းများထည့်ပေးလိုက်သည်။ သူတို့ဟာသူတို့စားတာထက် ချီလန့်အားပို၍စားခိုင်းကြသည်။

စားသောက်ပြီးသည့်နောက်အကူအညီမရသည့်နှစ်ယောက်အား ပန်းကန်တွေဆေးဖို့လီယန်ကခိုင်းစေလိုက်သည်။ ထိုနှစ်ယောက်ကပထမငြင်းခုန်နေပေမဲ့ ချီလန်ကသူဆေးပေးရမလားဟုဝင်ပြောလာတဲ့အခါမှာတော့ ဆက်ပြီးမငြင်းခုန်တော့ပဲ ပန်းကန်တွေသယ်ပြီးမီးဖိုချောင်ထဲသို့ဝင်သွားကြတော့သည်။ သူတို့ကချီလန့်အားပင်ပင်ပန်းပန်းမလုပ်ခိုင်းစေချင်ကြသောကြောင့်ဖြစ်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Dove le storie prendono vita. Scoprilo ora