[ E X T R A - 5 || ရှောင်ဝမ် x ချီဟွား ]

952 84 1
                                    

Unicode

ရှောင်ဝမ်တစ်ယောက် အဝေးသို့ထွက်ပြေးလာတော့သည်။ သူအနည်းငယ်တော့စိတ်တိုနေသည်။ ချီဟွားကဘာကြောင့်များ သူ့ခန္ဓာကိုယ်ကိုလွယ်လွယ်နဲ့ပေးအပ်ရဲတာလဲ။ ဘာလို့ ချီဟွားကသူ့ကိုယ်သူတန်ဖိုးမထားရတာလဲ။

"အိုး..ရှောင်ဝမ်ပါလား၊ဘာလုပ်နေတာလဲ"

ဖူးစာရေးနတ်ဘုရားဟာ လမ်းလယ်ခေါင်မှာရပ်နေသော ရှောင်ဝမ်ကိုမြင်တော့ အနားသို့လျှောက်သွားလိုက်ပြီး မေးလိုက်သည်။ ရှောင်ဝမ်ကသူ့ကိုလှည့်ကြည့်လာတဲ့အခါ ပါးပြင်ထက်မှမျက်ရည်စီးကြောင်းတို့ကိုမြင်လိုက်ပြီး ဖူးစာရေးနတ်ဘုရားမှာ လန့်ဖြန့်သွားလေသည်။

"ဟ ဘာဖြစ်လို့ငိုနေတာလဲ!?"

"ဖူးစာရေးနတ် ကျွန်တော်လေ.."

"အေး မင်းဘာဖြစ်တာလဲ?"

ထိုနောက် ရှောင်ဝမ်ဟာဖူးစာရေးနတ်ဘုရားဆီရင်ဖွင့်လိုက်တော့သည်။ ဒါပေမဲ့ သူကချီဟွားဟိုနှစ်ကောင်နဲ့ဆက်ဆံခဲ့တာတွေကိုတော့ ချန်ထားရစ်ခဲ့သည်။ ချီဟွားကိုဖူးစာရေးနတ်ဘုရားအထင်သေးသွားတာကိုမလိုချင်ဘူး။

"အော် ဘာများလဲလို့.."

ဖူးစာရေးနတ်ဘုရားကရှောင်ဝမ်ရဲ့ရင်ဖွင့်ချက်ကိုနားထောင်ပြီးနောက် ပေါ့ပေါ့ပါးပါးရယ်မောလိုက်သည်။ သူကရှောင်ဝမ်ကိုပြောလိုက်၏။

"ငါပြောမယ် ရှောင်ဝမ်၊ အရှင့်သားကိုမင်းချစ်တာကအပြစ်တစ်ခုမဟုတ်ပါဘူး။ ပြောရရင် မင်းတို့သုံးယောက်နဲ့ချီဟွားက အစကတည်းကဖူးစာဖက်တွေပဲကွ.."

ရှောင်ဝမ်အံ့အားသင့်သွား၏။
"ဘယ်လို"

"ဟုတ်တယ်!မင်း၊ဟိုနှစ်ကောင်နဲ့နတ်ဆိုးဘုရင်ကြီးရော လေးယောက်စလုံးကအရှင့်သားရဲ့ဖူးစာဖက်တွေပဲကွ၊ အဲဒါမလို့ အရှင့်သားအပေါ်မင်းချစ်နေတာကအပြစ်တစ်ခုမဟုတ်ဘူး။"

ရှောင်ဝမ်တစ်ယောက်ဝမ်းသာလုံးစို့သွားတော့သည်။ သူဟာမျက်ရည်တို့ကို လက်ဖမိုးဖြင့်သုတ်လိုက်ပြီး...

"တကယ်လား..အရှင့်အပေါ်ချစ်လို့ရတယ်ပေါ့!"

"ဒါပေါ့ကွ၊..ချစ်လို့ရတယ်..လုပ်ချင်တာလုပ်လို့ရတယ်"ငါခံရတာမှမဟုတ်တာ၊

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now