Chapter - 69

3.1K 326 2
                                    

Unicode

"ခင်ဗျားသွားလို့မရဘူးလို့!!!"

ကောင်းမုရှင်းကချီလန်ဟာဧည့်သည်များနားနေရန်အခန်းတွေဖက်ဆီကိုရောက်လာတဲ့အခါ ကျောက်သိုက်ကျန့်ရဲ့အစီအစဥ်ကိုအနှောင့်အယှက်ပေးမည်ကိုစိုးကာ အနောက်မှနေတကောက်ကောက်လိုက်ပြီးတားဆီးနေတော့သည်။ ကျောက်သိုက်ကျန့်က ကျိုးချန်ကုန်းကိုသဘောကျနေသည်။

ကျောက်သိုက်ကျန့်နဲ့သူစတွေ့ခဲ့တာက ကလပ်မှာသူအလုပ်လုပ်နေစဥ် ဧည့်သည်တစ်ယောက်ရဲ့ထိကပါးရိကပါးပြုခံရမှုကိုခံနေရချိန်မှာ ကျောက်သိုက်ကျန့်ကသူ့ကိုကယ်တင်ပေးခဲ့သည်။ နောက်တော့ကျောက်သိုက်ကျန့်ကကျောက်မိသားစုရဲ့အမွေဆက်ခံသူသခင်လေးဆိုတာကို သူသိရှိသွားပြီး ကျောက်သိုက်ကျန့်ကိုမြူဆွယ်ခဲ့သည်။ သူ့အနေနဲ့ဇာတ်လိုက်တွေကိုမရနိုင်တော့တဲ့အခါ ဘာမဟုတ်တဲ့ဒီလိုဇာတ်ကောင်လေးတွေကိုလိုက်ပြီးမြူဆွယ်နေရသည်။သူကမူလကောင်းမုရှင်းလိုမျိုးအခြားလူကလာဆွဲဆောင်တာမခံရပဲ သူကကြီးသူများတွေကိုမြူဆွယ်နေရသည်။ အဲအချိန်တုန်းကသူတွေးမိလိုက်သည်။

သူကဒီNovelရဲ့အဓိကဇာတ်ကောင်ဆိုတာဟုတ်သေးရဲ့လားဟု။သူ့မှာကံကောင်းခြင်းဆိုတာလည်းမရှိတော့တာကြောင့် ကောင်းမိသားစုကလည်းသူ့ကိုမကူညီကြပေ။ ဒါပေမဲ့ကျောက်သိုက်ကျန့်နဲ့တွေ့တဲ့နောက်ပိုင်းမှာ သူ့ကံဇာတာဟာမြင့်တက်လာခဲ့သည်။ကျောက်သိုက်ကျန့်ကသူ့အတွက်လက်ဆောင်တွေလည်းဝယ်လာပေးသလို သူ့ကိုလည်းကောင်းကောင်းဆက်ဆံသည်။

ကျောက်သိုက်ကျန့်ကိုမကြိုက်ပေမဲ့ သူကောင်းကောင်းနေရဖို့တော့နောက်ခံတစ်ခုလိုအပ်သည်လေ။ ဒါပေမဲ့ကျောက်သိုက်ကျန့်ကသူဟာကျိုးမိသားစုမှအလုပ်သမားဖြစ်ခဲ့တာကိုသိနေပြီး အဲဒါကြောင့်ချဥ်းကပ်ခဲ့တာဟုဖွင့်ဟဝန်ခံလာသည်။ ကျောက်သိုက်ကျန့်ကသူ့ကိုအပေးအယူတစ်ခုလုပ်လာ၏။ကျိုးချန်ကုန်းနဲ့ပတ်သတ်တာမှန်သမျှသူ့ကိုပြောပြခိုင်းပြီး ကျောက်သိုက်ကျန့်ဘက်ကသူ့ကိုအေးအေးဆေးဆေးနဲ့ဘာအလုပ်မှမလုပ်ရပဲနေရအောင်ထားပေးမည်ဟုဆိုလာ၏။

ကျောက်သိုက်ကျန့်ကကျိုးချန်ကုန်းကိုစိတ်ဝင်စားနေတာကိုသူသိလိုက်သည်။ အဲအချိန်ကသူ့မှာဘာမှမပြောနိုင်ပေ။ ကျောက်သိုက်ကျန့်ကအရမ်းကြီးရုပ်ဆိုးနေတာမဟုတ်ပေမဲ့ ကျိုးချီလန့်လောက်လည်းချောမောနေတာမဟုတ်ပေ။သူကသာမန်ဇာတ်ကောင်လိုပဲ သာမန်ဆန်သည်လေ။ အဲလိုလူကဒုတိယဇာတ်လိုက်ဖြစ်တဲ့ကျိုးချန်ကုန်းကိုမှန်းရဲသေးသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now