Chapter - 90

3K 330 19
                                    

Unicode

ရှရီပြေးထွက်သွားပြီးနောက် ဧည့်ခန်း၌တိတ်ဆိတ်သွားတော့သည်။ ဝမ်ရန်ကောဟာအပြင်ဘက်ကိုတလှည့် မလှုပ်ရှားပဲရပ်နေသည့်လူတွေကိုတလှည့်ကြည့်ကာ မေးလိုက်သည်။

"သူ့ကိုလွှတ်ပေးလိုက်မလို့လား?"

လီယန်ကပြန်ဖြေ၏။

"ခဏလောက်သူ့ကိုယ်သူလွှတ်မြှောက်ပြီလို့ထင်ပါစေ။နောက်မှ..သူ့အတွက်ငရဲဆိုတာဘာလဲသိစေရမယ်"ဟုပုံမှန်စကားပြောနေသည့်အတိုင်း သွေးအေးစွာပြောလာသည့်လီယန်အား ဝမ်ရန်ကောကသေချာကြည့်မိသည်။

သူထင်တာ လီယန်ကသာမန်စီးပွားရေးသမားတစ်ယောက်ဟူ၍သာဖြစ်သည်။သို့သော် ထိုလူ့အကြောင်းကိုအနည်းငယ်သိလာပြီးနောက်မှာ လီယန်ဟာသာမန်စီးပွားရေးရှင်ဟုမထင်မှတ်ရပဲ မသမာသောအလုပ်များ၊သွေးအေးရက်စက်သောအလုပ်များနှင့်ပြန်ပေးဆွဲမှုတို့ဖြင့် နေသားကျနေသည့်အမှောင်ထဲမှလူတစ်ယောက်နှင့်ပိုတူလာသည်။ သာမန်စီးပွားရေးရှင်ဆိုသည့်ဂုဏ်ပုဒ်က သူ့ရဲ့ရက်စက်သောမျက်နှာကိုဖုံးကွယ်ထားဖို့အတွက် မျက်နှာဖုံးတစ်ခုဟုတောင်ထင်မိသည်။

ကျိုးချန်ကုန်းကချီလန့်ရဲ့ခါးလေးကိုဖက်တွယ်ထားသည်။သူဟာလီယန့်ကိုစိုက်ကြည့်လျက် မေးလိုက်၏။

"ခင်ဗျားကူညီတာကိုတော့ကျေးဇူးတင်ပါတယ်။ဒါမဲ့ အခုထွက်သွားတော့..ညလည်းမိုးချုပ်နေပြီဆိုတော့ ဝမ်ရန်ကော မင်းလည်းလစ်တော့။"

လီယန်ကကျိုးချန်ကုန်း၏စကားအားအဖတ်မလုပ်ချေ။

"ဟို..ချီလန်ကကျွန်တော့်ကိုညစာကျွေးမယ်တဲ့..ကျွန်တော်အခုထိဘာမှမစားရသေးဘူး"ဟုမပြန်ချင်သည့်သဘောဖြင့်ပြောလာသည့်ဝမ်ရန်ကောကြောင့် ကျိုးချန်ကုန်းအံကြိတ်လိုက်ကာ စိတ်ထဲမှပြောလိုက်သည်။

'မင်းညစာမစားရသေးတာ မင်းစောက်ကြောင်းလေ!အိမ်ရှင်ကနှင်ထုတ်ရင် ထွက်သွားရမှာပေါ့ကွ!'

ချီလန်ဟာလည်းခေါင်းညိတ်လျက်ဝင်ပြောလာသည်။

"ဟုတ်တယ်။ ညစာစားကြဖို့အတွက် ရန်ကောကိုကျွန်တော်ခေါ်လာခဲ့တာ။ ဒီတိုင်းနှင်ထုတ်ဖို့ကဘယ်ကောင်းမလဲ။ ကော..ကျွန်တော်ဗိုက်ဆာတယ်"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now