Chapter - 16

5.9K 644 47
                                    


Unicode

အိမ်အပြန်လမ်း၌ ကားထဲ၌ တိတ်ဆိတ်ငြိမ်သတ်နေလျက် ဝမ်ရန်ကောဟာ အနေရခက်ခြင်းကိုခံစားနေရသည်။ ဝမ်ရန်ကောဟာ မီးပွိုင့်မိနေစဥ်ကားရပ်ထားသည့်အခိုက် ဘေးက ကျိုးချီလန်ကိုမသိမသာကြည့်လိုက်သည်။ ကျိုးချီလန်က လက်ပိုက်ကာထိုင်နေပြီး သူ့ရဲ့မျက်ဝန်းတစ်စုံကမှေးစင်းကျနေသည်မှာ အိပ်ပျော်နေသည်လားဟုပင်ထင်မှတ်ရသည်။ ကျိုးချီလန်ရဲ့လက်ချောင်းလေးတွေသာ ကားရေဒီယိုမှထွက်လာသောသီချင်းသံစဥ်ကြောင့် စည်းချက်ကျစွာလှုပ်ရှားနေခြင်းမရှိနေလျှင် အိပ်ပျော်နေသည်ဟုသူထင်လိုက်မိမှာပဲ။

ထိုနောက် ကျိုးချီလန်၏ဘေးတိုက်မြင်နေရသည့်မျက်နှာအား ဝမ်ရန်ကောစိုက်ကြည့်မိသည်။ စင်းကျနေသောမျက်တောင်ရှည်များကကော့ညွှတ်နေပြီး နှာတံချွန်ချွန်လေးနှင့်နီစွေးစွေးနှုတ်ခမ်းတစ်စုံဟာလည်း နူးညံ့လောက်မည်။ ပြေပြစ်လှပသောမျက်နှာကျလေးမှနေ၍ ကျော့ရှင်းသည့်လည်တိုင် ထိုနောက် ထင်းထွက်နေတဲ့ လည်ဇလုတ်ဆီထိသူအကြည်တို့ဆင်းသွားမိတယ်။

{ဝမ်ရန်ကော၏နှစ်သက်မှုရာခိုင်နှုန်း 15%}

သူကြည့်နေသည်ကို သတိထားမိသွားခြင်းကြောင့်လားမသိပေမဲ့ ကျိုးချီလန်ရဲ့မျက်လုံးကပွင့်လာတဲ့အခါ ဝမ်ရန်ကောလိပ်ပြာမလုံမလဲဖြစ်ကာ ယောင်ယမ်းပြီးသူ့လက်က သီချင်းကိုအသံသွားချဲ့မိသည်။ ထိုအခါ အနောက်အခန်းမှာမူးရူးနေသည့်ကျိုးချန်ကုန်းက "နားငြီးတယ်!"ဟုထအော်လာလေတယ်။ ကျိုးချီလန်ကိုကြည့်လိုက်တော့လည်း သူ့ကိုမှုန်တေတေနဲ့စိုက်ကြည့်နေ၏။ဝမ်ရန်ကော သီချင်းအသံပြန်တိုးလိုက်ပြီး အရှက်ပြေချောင်းဟမ့်ကာ ရုပ်တည်ဖြင့်သာပြောလိုက်တယ်။

"ငါကကိုယ့်ကားနဲ့ကိုယ်ဆိုရင် သီချင်းကိုအသံကျယ်ကျယ်နားထောင်နေကြ၊ဒါကြောင့်ယောင်ပြီးအသံချဲ့မိလိုက်တာ..နားအူသွားလား၊ဆောရီးပဲ"

"..အသံပြန်တိုးလိုက်ရင်ရပြီ"

အဲ့ဒီနောက်မှာတော့ စကားစပြတ်ကာမူလအတိုင်းတိတ်ဆိတ်သွားကြပြန်တယ်။ ကျိုးချီလန်က စကားပြောဖို့ကိုပျင်းနေပေမဲ့ ဝမ်ရန်ကော၏နှစ်သက်မှုကိုရယူရဦးမည်ဖြစ်တာကြောင့် နောက်ဆုံးသူဖက်ကစကားစလိုက်တော့သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now