Chapter - 29.5

6.2K 573 55
                                    

Unicode

ကျိုးချန်ကုန်းတစ်ယောက် စားသောက်ဆိုင်ကြီးတစ်ခု၌ ညနေအစည်းအဝေးကိုတက်ရောက်လို့နေတယ်။ အကုန်လုံးကအရင်ရှယ်ယာရှင်လူအိုကြီးတွေဖြစ်ကြသည်။ သူတို့ကအလုပ်ကိစ္စဆိုတာထက် အရင်ကအကြောင်းတွေပြောဆိုကြကာ အဖေ့ရဲ့မိတ်ဆွေတွေကလည်းအဖေကဘယ်လိုတော်ပြီးထက်မြတ်ခဲ့ကြောင်းပြောဆိုနေကြ၏။သူ့ကိုလည်း အရက်တွေအတင်းတိုက်တာကြောင့် အားနာစွာဖြင့်သောက်လိုက်ရသည်။ဒါပေမဲ့တစ်ခွက်နဲ့တင်လူကယိုင်တိုင်တိုင်ဖြစ်ချင်နေပြီဖြစ်တာကြောင့် လူအိုကြီးတွေကိုမနည်းပြောပြီးပြန်လာခဲ့ရသည်။ ကားပေါ်ရောက်တဲ့အခါ အတွင်းရေးမှူးမလေးကရေဘူးအမြန်ကမ်းပေးတာကိုယူကာ ကျိုးချန်ကုန်းမော့သောက်လိုက်သည်။ ထိုနောက်နက်ကတိုင်ကိုဖြည်ချလိုက်ပြီး..

"ဘာတွေ့ဆုံပွဲမှမရှိတော့ဘူးဆိုတော့..အိမ်ကိုပဲတိုက်ရိုက်မောင်းလိုက်တော့..အာ..ခဏ၊အရင်ဆုံးကုန်စုံဆိုင်ကိုတစ်ချက်ဝင်ပေး"

"ဟုတ်ကဲ့ရှင့်"

ကျိုးချန်ကုန်းလည်း ကားထဲကဖွင့်ထားသောACမှလေအေးကိုခံရင်း မျက်လုံးကိုမှိတ်လိုက်သည်။ ကုန်စုံဆိုင်သို့ရောက်တဲ့အခါ အတွင်းရေးမှူးကိုမလိုက်လာခိုင်းပဲ သူတစ်ယောက်ထဲကုန်စုံဆိုင်ထဲသို့ဝင်သွားလိုက်သည်။အတွင်းရေးမှူးမလေးက သိပ်အကြာကြီးမစောင့်လိုက်ရပဲ သူ(မ)ရဲ့သူဌေးကပြန်ရောက်လာ၏။သူဌေးရဲ့လက်ထဲ၌လည်းအမဲရောင်အိတ်တစ်ခုပါလာသည်။အထဲကပစ္စည်းတွေကတော့ မမြင်ရတာကြောင့်ဘာပစ္စည်းလဲဆိုတာသူ(မ)မသိချေ။ဒါပေမဲ့ သူဌေးရဲ့မျက်နှာကရွှင်လန်းနေတာကြောင့် ကောင်းတဲ့အရာဖြစ်မည်ဟုပဲတွေးလိုက်သည်။

သိပ်မကြာခင်မှာပဲ ကျိုးအိမ်တော်သို့ရောက်ရှိလာသည်။ ဒါရိုက်ဘာကကျိုးချန်ကုန်းကိုတံခါးဖွင့်ပေးလိုက်သည်။ကျိုးချန်ကုန်းလည်းကားထဲမှထွက်လာလိုက်ပြီး သူ့ရဲ့အပေါ်ဝတ်ကိုပုခုံးပေါ်ပစ်တင်လိုက်သည်။နက်ကတိုက်ကလည်းပြုတ်နေကာ သူ့ရဲ့ပုံစံကကပိုကရိုနိုင်နေပေမဲ့ ကြည့်ကောင်းနေဆဲပဲ။ အတွင်းရေးမှူးမလေးကတော့ သူ(မ)ရဲ့ကြည့်ကောင်းသောသူဌေးကိုအဝငမ်းပြီးနောက် ထွက်သွားတော့သည်။ ကျိုးချန်ကုန်း အိမ်ထဲဝင်လာတဲ့အခါ အစေခံမလေးတွေကကူတွဲပေးဖို့လုပ်ပေမဲ့ ကျိုးချန်ကုန်းကအကုန်လုံးကိုငြင်းပယ်ကာသူ့ဘာသာသူပဲအပေါ်ထပ်ကိုတက်သွားတော့သည်။

⚠I Became The 4th Male Lead⚠(Complete✔)Où les histoires vivent. Découvrez maintenant