Chapter - 51.5

4.5K 397 3
                                    

Unicode

"လာမထိနဲ့!"

ဟန့်တားသံနှင့်အတူလီယန်ဟာ ချီလန့်ရဲ့ကန်ချက်ကြောင့်ကုတင်အောက်သို့ပြုတ်ကျသွားသည်။ ချီလန်ကဒါကိုအခွင့်အကောင်းယူပြီး ကုတင်ပေါ်မှဆင်းပြေးလိုက်သည်။ တံခါးနားသို့မရောက်ခင်မှာပဲ သူ့ခါးဆီမှချီမခြင်းခံရသည်။ ချီလန်ကတစ်ကိုယ်လုံးလှုပ်ယမ်းကာရုန်းကန်လိုက်သည်။ လီယန်ကလည်းလုံးဝအလွှတ်မပေးပဲ ကုတင်ဆီသို့ပြန်ခေါ်သွားသည်။ နှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်ရင်း ကုတင်ပေါ်သို့လဲကျကုန်၏။

လီယန်ကချီလန့်ရဲ့အပေါ်မှနေအုပ်မိုးပြီး ချီလန့်ရဲ့လက်နှစ်ဖက်ကိုခေါင်းရင်းမှာချုပ်ထားလိုက်ပြီး ခြေထောက်တွေကိုလည်းဒူးဖြင့်တက်ဖိထားလိုက်သည်။ ချီလန်ဟာလုံးဝရုန်းကန်လို့မရတော့တဲ့အခါ ဒေါသထွက်လို့လာသည်။ သူကလီယန်ကိုခပ်စူးစူးကြည့်လို့ ဆဲဆိုတော့သည်။

"ခွေးမသား..သတ္တိရင်ငါ့ကိုလွှတ်လိုက်!ဖာ့စ်ပဲ!"

"တိတ်တိတ်နေ..ကိုယ်မင်းကိုဖာ့စ်ပေးမှာပါ"

"သေလိုက်!"

"အရှင့်သား မင်းအရမ်းဆဲဆိုတတ်လာတာပဲ။ကိုယ့်စကားကိုမနာခံတဲ့လူကိုမကြိုက်ဘူးပြောပေမဲ့ မင်းကဘယ်တော့မှမလိမ်မာဘူး"

"..."

ချီလန်အံကြိတ်လျက် လီယန့်ကိုဒေါသတကြီးစိုက်ကြည့်နေမိသည်။ လီယန်ရဲ့မျက်ဝန်းတစ်စုံကအကြံအစည်တို့နှင့်ပြည့်နေလျက် ကောက်ကျစ်စဥ်းလဲပြီးဉာဏ်များလွန်းသည်။လီယန့်ရဲ့နှုတ်ခမ်းထောင့်ကလေးကအပေါ်သို့ကွေးတက်သွားကာ:

"ကောင်းပြီ၊ မင်းကမလိမ်မာမှတော့အကြီးဖြစ်တဲ့ကိုယ်ကဆုံးမပေးရမှာပေါ့ ။အဲပါးစပ်ကလေးကနေ ဘယ်တော့မှမဆဲတော့အောင်ဖာ့စ်ပေးမယ်"

ချီလန်အနည်းငယ်တော့တုန်လှုပ်သွား၏။လီယန်ကပြောရင်ပြောတဲ့အတိုင်းလုပ်ရဲတဲ့လူ။ တစ်ခါဆို ချီလန်သူ့ဆီမရောက်လာတဲ့နေ့က ကောင်းကင်ဘုံထိတက်လာပြီး ချီလန့်ကိုအတင်းလာခေါ်သွားဖူးသေးသည်။ ကောင်းကင်ဧကရာဇ်မင်းတောင်တားဆီးလို့မနိုင်ချေ။အကြောင်းမှာ သူ့ကိုဟန့်တားရဲပါက သူ့(အရှင့်သား)ကိုဘယ်တော့မှပြန်မတွေ့စေရဘူးဟုခြိမ်းခြောက်ခဲ့သောကြောင့်ဖြစ်သည်။ သူ့ကိုအလွန်ချစ်သော ကောင်းကင်ဧကရာဇ်မင်းကထိုခြိမ်းခြောက်တဲ့စကားကြောင့် ဘာမှမတတ်နိုင်ခဲ့ဘူး။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now