Chapter - 83

3K 310 0
                                    

Unicode

ဝုန်း

အခန်းထဲသို့ရောက်သည်နှင့် ကျိုးချန်ကုန်းကချီလန်ကိုတံခါးဆီတွန်းကာ နမ်းရှိုက်တော့သည်။

"အာ့..ခဏ!ဒါလားစကားပြောမှာ.."

မနေ့ကလည်း လီယန်ကသူ့ကိုနမ်းထားသေးတာကြောင့် ချီလန့်ရဲ့နှုတ်ခမ်းတို့ကွဲကာယောင်ယမ်းနေသေးသည်။ ဒါကြောင့်နာကျင်နေသေးသောကြောင့် ကျိုးချန်ကုန်းကိုတွန်းကာချီလန်ဟန့်တားလိုက်သည်။

"ကိုယ်မင်းကိုလွမ်းလို့ပါ"

ကျိုးချန်ကုန်းကချီလန့်ရဲ့နှုတ်ခမ်းကိုအကဲခတ်ပြီးနောက် ချီလန့်ရဲ့လည်ပင်းကအမှတ်အသားများကိုမြင်သွားသည်။သူကချက်ချင်းသဘောပေါက်လိုက်၏။ ချီလန်တစ်စုံတစ်ယောက်ဖြင့်ဆက်ဆံထားတာပဲ။ ဒါကြောင့် ချီလန်လမ်းလျှောက်တုန်းကထော့နဲ့ထော့နဲ့ဖြစ်နေခဲ့တာကိုး။

ချီလန်ဟာကျိုးချန်ကုန်းရဲ့အကြည့်တို့ကိုသိကာ ကျိုးချန်ကုန်းဘာမှမမေးလာခင် သူ့ဘက်ကအရင်ဆုံးဖြေလိုက်၏။

"မနေ့ကလီယန့်ဆီမှာရှိနေခဲ့တာ.."

ကျိုးချန်ကုန်းကမျက်နှာလွှဲလိုက်ပြီး ခပ်တိုးတိုးပြန်ပြော၏။

"ကိုယ်ဘာမေးမိလို့လဲ"

"..."
ဒါပေမဲ့ ခင်ဗျားရုပ်ကငိုတော့မဲ့ပုံပေါက်နေတယ်လေ။

ချီလန်ကကျိုးချန်ကုန်းကိုဘေးကိုတွန်းလိုက်ပြီး ခုံ၌ဝင်ထိုင်လိုက်၏။ ထိုနောက်ကျိုးချန်ကုန်းကိုသူ့ဘေး၌လာထိုင်ရန် လက်ညိုးကွေးကာခေါ်လိုက်သည်။ ကျိုးချန်ကုန်းကအရင်လိုပဲနာခံတတ်သည့်ခွေးကလေးတကောင်လို သခင်အနားသို့အပြေးလာထိုင်သည့်အပြုအမူကြောင့် ချီလန်ကကျေနပ်သွားသည်။

ကျိုးချန်ကုန်းကချီလန့်ကိုငေးမောကြည့်လိုက်ပြီးနောက် သူကစကားစလိုက်တော့သည်။

"ကိုယ်ပြောမယ်။ ကိုယ်မင်းနဲ့အရင်လိုပဲနေချင်တယ်။ မင်းကချီလန်မဟုတ်တော့ ပိုတောင်ကောင်းသေးတယ်။မဟုတ်ရင် ကိုယ့်ရဲ့ညီအရင်းကိုချစ်နေရတယ်ဆိုတဲ့အသိက အဖေ့ကိုအားနာစေတယ်။ နောက်ပြီး မင်းကချီလန်မဟုတ်တော့ရော ဘာဖြစ်လဲ၊ကိုယ်တကယ်ချစ်မိသွားတာက မင်းကိုလေ.."

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now