Chapter - 62

4K 381 7
                                    

Unicode

ဒုန်း ဒုန်း ဒုန်း

တံခါးထုသည့်အသံကျယ်လောင်စွာထွက်ပေါ်လာသောအခါ ချီလန်နိုးလာလေသည်။ သူခေါင်းမော့ကြည့်တော့ကျိုးချန်ကုန်းရဲ့ရင်ခွင်ထဲ၌သူရောက်နေလေ၏။ သူ့ရဲ့နောက်ကျောဘက်မှာတော့ကုန်းရီရှောင်ကသူ့ကိုဖက်ထားလေသည်။မနေ့ညကမနက်ထိတော့ခရီးမပေါက်ခဲ့ပေမဲ့ အတော်တော့အချိန်ကြာမြင့်ခဲ့သည်။ ဒီနှစ်ယောက်ကိုသူ့ရဲ့အထဲကိုခဏခဏတစ်လှည့်စီဝင်ရောက်လာကြပြီး သူ့အထဲမှာပဲအကြိမ်ကြိမ်ပြီးဆုံးခဲ့ကြသည်။

သူတို့နှစ်ယောက်စလုံးကဘယ်လိုရပ်တန့်ရမည်ဆိုတာကိုမသိကြတဲ့လူတွေလိုပဲ။ ခွန်အားကလည်းဒါမျိုးဆိုအမြဲရှိနေကြသည်။နောက်ဆုံးသူ့ဘက်ကစိတ်ဆိုးမာန်ဆိုးဖြင့်ရပ်တန့်ခိုင်းတော့မှ နှစ်ယောက်သားသူ့ကိုဆေးကြောပေးပြီး အိပ်ရာဝင်ခဲ့ကြတာဖြစ်သည်။

ဒုန်း ဒုန်း

ထပ်မံထွက်ပေါ်လာသည့်တံခါးထုကြောင့် ချီလန်အတွေးစတို့ပြတ်တောက်ကာမျက်မှောင်ကျုံ့သွားရသည်။ ဒါပေမဲ့သူကနေရာမှမထပဲ လက်နောက်ပြန်ဖြင့်ကုန်းရီရှောင်ရဲ့ပါးပြင်ကိုပုတ်ကာနှိုးလိုက်သည်။

"ရီရှောင်..ထတော့၊တစ်ယောက်ယောက်လာတယ်။ရီရှောင်...ကုန်းရီရှောင်"

ကုန်းရီရှောင်ကတအင်းအင်းတအဲအဲဖြင့်နိုးလာပြီး သူကအိပ်ချင်မူးတူးဖြင့်သူ့ကိုကြည့်လာသည်။ထိုနောက်ပြုံးလာပြီး သူ့ရဲ့ခါးကိုတင်းကြပ်စွာဖက်တွယ်လာတာကြောင့် နာကျင်သွားပြီးချီလန်ကုန်းရီရှောင်ဖက်လှည့်ပြီး နဖူးကိုရိုက်ချလိုက်သည်။

"အာ့!နာတယ်...ဟင် အချစ်ကလေး?"

"သေချာမျက်လုံးပွင့်ပြီလား။ထတော့ တစ်ယောက်ယောက်လာတယ်..သွားကြည့်လိုက်ဦး"

ကုန်းရီရှောင်ကချီလန့်စကားကိုနားထောင်ကာ အိပ်ရာထဲမှထကာသမ်းဝေရင်းတံခါးဆီသို့ထွက်သွားလေသည်။ ချီလန်လည်းကျိုးချန်ကုန်းဘက်ကိုပြန်လှည့်ပြီး ကျိုးချန်ကုန်းကိုသူ့ရင်ခွင်ထဲသို့ထည့်လိုက်ကာပြန်အိပ်လိုက်သည်။

ကုန်းရီရှောင်ကမနက်စောစောစီးစီးတံခါးကိုတဒုန်းဒုန်းလာထုသောအမည်မသိလူကိုဒေါသထွက်နေမိသည်။ သူကတံခါးကိုဖွင့်လိုက်သည်။ အပြင်ကလူကိုမြင်တော့ သူကပိုပြီးဒေါသထွက်သွားလေသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now