Chapter - 45

4K 429 10
                                    

Unicode

ထိုလူငယ်အုပ်စုနှင့် သူတို့ပြောနေသည့်နာမည်ကြီးကလပ်သို့ ချီလန်တို့သုံးယောက်စလုံးလိုက်သွားကြသည်။ ထိုလူငယ်လေးအုပ်စုကတော့ ဝင်ခွင့်ကဒ်ပေးလိုက်ကြသည်။ဒါပေမဲ့ သူတို့ရဲ့နုံချာလှသည့်ဝင်ခွင့်ကဒ်၏ဘေးကနေ VVIPရွှေရောင်ကဒ်ကြီးဖြတ်ဝင်လာသည်။ အကုန်လုံးကကုန်းရီရှောင်ကိုလေးစားအားကျသည့်အကြည့်များဖြင့်မော့ကြည့်ကြ၏။

ကုန်းရီရှောင်ကဘဝင်မြင့်စွာမေးကိုမော့လျက် အစောင့်ကိုသူ့ရဲ့VVIPကဒ်ပေးလိုက်သည်။ ထိုနောက်သူကအကုန်လုံးဖက်စို့လှည့်လိုက်ပြီး..

"ဒီကလပ်ပိုင်ရှင်နဲ့ကိုယ်နဲ့ကအသိတွေပဲ..မင်းတို့စိတ်ကြိုက်ပျော်ပါးကြလို့ရတယ်..။အချစ်ကလေး..သောက်ချင်တဲ့ဟာအကုန်သောက်လို့ရတယ်..မင်းချစ်သူကအခုချိန်မှာbossပဲ"ဟုထိုအုပ်စုကိုပြောရင်း နောက်ဆုံးစကားကိုတော့ သူ့ဘေးမှာရပ်နေသည့်ချီလန့်ရဲ့ပါးပြင်လေးကိုနမ်းလိုက်ပြီးပြောလိုက်တယ်။

လူငယ်အုပ်စုကတဟေးဟေးဖြင့်လက်ခုပ်ထတီးကြသည်။ကျိုးချန်ကုန်းက နှာခေါင်းရှုံ့ကာမျက်နှာကိုတစ်ဖက်သို့လွှဲလိုက်၏။ချီလန်ကတော့ကုန်းရီရှောင်၏သောက်ချင်တာသောက်လို့ရသည်ဆိုတဲ့စကားကြောင့် သူ့ရဲ့မျက်ဝန်းတစ်စုံကအရောင်တလက်လက်ထလို့နေ၏။

ထိုနောက်အစောင့်ကသူတို့ကိုVVIPအထပ်သို့ခေါ်ဆောင်သွားသည်။ အောက်ထပ်မှာကသာမန်ကလပ်တက်သည့်လူများသာရှိပြီး အပေါ်ဆုံးထပ်VVIPအထပ်မှာတော့ ရုပ်ရည်ချောမောတဲ့လူချမ်းသာတွေ၊အချောအလှလေးတွေရှိကြပြီး တက်သစ်စမော်ဒယ်၊ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းရှိကြသည်။ တချို့စပွန်ဆာရှာသူ၊ရှူးဂါးဒယ်ဒီရှာတဲ့လူတွေက ဒီကလပ်သို့လာကြတာများသည်။

လူငယ်အုပ်စုကတော့ သောက်စရာများနှင့်အချောအလှလေးတွေကိုမြင်တဲ့အခါ တက်တက်ကြွကြွဖြင့်အရှေ့ဆုံးကနေထွက်သွားကြသည်မှာ ချီလန်တို့ကိုတောင်လှည့်မကြည့်ကြတော့ချေ။ ချီလန်ကလည်း အရက်ကောင်တာသို့ခြေဦးလှည့်ကာထွက်သွားလိုက်သည်။ကျိုးချန်ကုန်းကကလပ်ကိုသဘောမကျပေမဲ့ သဘောကျချင်ယောင်ဟန်ဆောင်ရင်းချီလန့်အနောက်ကထပ်ကြပ်မကွာပါသွားလေတယ်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now