Chapter - 8

6.2K 680 5
                                    

Unicode

နောက်တစ်နေ့မနက်တွင် ကျိုးချီလန် အစောကြီးထလို့နေပြီး နွားနို့ခွက်ကိုကိုင်ကာ ခြံဝန်းထဲ၌မတ်တပ်ရပ်လို့နေ၏။ ကျိုးချီလန်ရဲ့ဆံပင်တို့က အနည်းငယ်ရှုပ်ပွနေပြီး မှေးစင်းကျကာဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည့်မျက်ဝန်းတို့က အိပ်ချင်ပြေသေးပုံမပေါ်ပေ။ မျက်နှာလေးဟာလည်း ဖြူဖျော့နေပြီး နှုတ်ခမ်းလေးသာနီဆွေးလို့နေလျက်ရှိ၏။ ညဝတ်အဝတ်အစားကိုမလဲရသေးပဲ အပေါ်ကနေအနွေးထည်ခပ်ပါးပါးကို ပုခုံးထက်ခြုံရုံမျှခြုံလို့ထား၏။ စီးထားသည့်ဖိနပ်ဟာလည်း အိမ်နေရင်းဖိနပ်ဖြစ်သည်။

သို့သော် ညဝတ်အဝတ်အစားနှင့်ရှုပ်ပွနေသည့် ဆံပင်တို့နဲ့ပင် ကြည့်ကောင်းချောမောလွန်းနေသည့် ကျိုးချီလန်ကို အလုပ်လုပ်နေသည့်အလုပ်သမားများမှာ ငေးမကြည့်ပဲမနေနိုင်ကြချေ။ သူတို့ရဲ့ဒုတိယသခင်လေးက အခုနောက်ပိုင်းမှာ အရင်ကထက်ပိုချောလာသလို ဆွဲဆောင်မှုလည်းပိုရှိလာသည်မလား။

ကျိုးချီလန်က ပတ်ဝန်းကျင်ကိုသတိမထားမိပေ၊သူဟာ အိပ်ချင်မူးတူးဖြင့် နွားနို့တငုံမော့သောက်လိုက်လေသည်။ ထိုနောက် သူတစ်နေရာသို့ခြေလှမ်းစတင်ကာဦးတည်သွားတော့သည်။ထိုသို့ဖြင့်သွားနေရင်း တစ်နေရာရောက်တော့ သူကရပ်တန့်လိုက်တော့သည်။

သူရောက်နေသည့်နေရာကိုမော့ကြည့်လိုက်၏။ အစိမ်းရောင်ဖန်လုံအိမ်..။ကျိုးချီလန်က နွားနို့တစ်ငုံထပ်မော့သောက်လိုက်ပြီး..

"ရှဥ့်ကလေး..မင်းငါ့ကိုအစောကြီးနှိုးပြီး ဒီကိုဘာလို့လာခိုင်းတာလဲ?"

[ကျိုးချန်ကုန်းက မနက်ဆိုဒီမှာရှိပါတယ်။သူအားလပ်တဲ့အချိန်တိုင်းလည်း ဒီဖန်လုံအိမ်မှာအမြဲလာအပန်းဖြေလေ့ရှိတယ်။ အဲ့တော့ အရှင်သခင်၊ကျိုးချန်ကုန်းဆီက နှစ်သက်မှုရာခိုင်နှုန်းလိုချင်ရင် ကျိုးချန်ကုန်း နှစ်သက်သည့်နေရာမှာ ကျိုးချန်ကုန်းဆီကနှစ်သက်မှုရအောင်လုပ်သင့်တယ်။ဒါဆို နှစ်သက်မှုရာခိုင်နှုန်းပိုများများရမယ်လို့မထင်ဘူးလားဗျ]

"သြော်.."

[ပြီးတော့..ဒီနေ့ညပါဗျ]

"ဘာလဲ?"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now