Chapter - 34

4.7K 533 16
                                    

Unicode

"မင်းတို့ဒီမှာဘာလုပ်နေတာလဲ"ဆိုသည့်အမေးနှင့်အတူကျိုးချန်ကုန်းက ထိုနှစ်ယောက်ရှေ့သို့လျှောက်သွားလိုက်သည်။ ကျိုးချန်ကုန်းက ဝမ်ရန်ကောကသူနှင့်အကျိုးတူပူးပေါင်းထားသောလုပ်ငန်းရှင်ဖြစ်တာကြောင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အပိုလူကိုစိုက်ကြည့်လိုက်သည်။

"သခင်လေးကုန်းကအခုထိမပြန်သေးဘူးလား။ဒီမှာသခင်လေးကုန်းအတွက်ထပ်ရှိနေစရာအကြောင်းမရှိတော့ဘူးထင်တယ်။ စျာပနအခမ်းအနားကိုရောက်လာပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်"

ကုန်းရီရှောင်ကမျက်လုံးမှေးကျဥ်းသွားသည်။ကျိုးချန်ကုန်းကသူ့ကိုနှင်ထုတ်နေတာလား။ ဝမ်ရန်ကောကျတော့ဘာမှမပြောပဲ သူ့ကိုကွက်ပြီးတော့လာနှင်ထုတ်နေသည်ကမတရားဘူး။ ကုန်းရီရှောက်ကစိတ်တိုတိုဖြင့် ဝမ်ရန်ကောအားလက်ညိုးထိုးကာ ကျိုးချန်ကုန်းကိုပြောလိုက်သည်။

"ပထမသခင်လေးက ကျုပ်ကိုနှင်ထုတ်နေတာလား။ဒါဆိုဒီကောင့်ကျဘာလို့မနှင်ထုတ်တာလဲ!ဘက်မလိုက်လွန်းဘူးလား"

ကျိုးချန်ကုန်းကမျက်မှောင်ကျုံ့လိုက်ပြီး သူကခပ်ကြိိတ်ကြိတ်ပြန်ပြောသည်။
"သခင်လေးဝမ်ကပြဿနာမရှာဘူး။ဒါပေမဲ့ မင်းကတော့ပြဿနာရှာထားတယ်..။"

ကုန်းရီရှောင်ကစိတ်တိုစွာ ကျိုးချန်ကုန်းကိုပြန်ခံပြောလေတယ်။
"ဘယ်မှာပြဿနာရှာနေလို့လဲ!"

ဒါပေမဲ့သူ့ကိုခပ်စူးစူးစိုက်ကြည့်နေတဲ့ လူနှစ်ယောက်ကြောင့်ကုန်းရီရှောင်ကကျစ်ခနဲစုပ်သတ်လိုက်တယ်။ ဟိုတစ်ခေါက်ကကိစ္စပဲလား??

"ကျစ်..ဘယ်နှစ်ကြိမ်ပြောရမလဲ။အဲ့ကိစ္စကချီလန်အကူအညီတောင်းလို့..ကျွန်တော်သာမရှိရင်ချီလန်အခြားလူတစ်ယောက်ယောက်ဆီမှာတစ်ခုခုဖြစ်သွားနိုင်တယ်..နားလည်လား"

"မင်းပါးစပ်ကိုပိတ်ထား!"
ကျိုးချန်ကုန်းကကုန်းရီရှောင်ရဲ့ကော်လန်ကိုဆုတ်ကိုင်လိုက်သည်။သူ့ရဲ့မျက်နှာကဒေါသကြောင့်လားပင်ပန်းမှုကြောင့်လားမသိနီရဲနေသည်။ ကျိုးချန်ကုန်းကအံကြိတ်ကာထပ်ပြော၏။
"မင်းကလည်းအခြားလူတစ်ယောက်ပဲဆိုတာမမေ့နဲ့..မင်းမှာဘာအရည်အချင်းရှိလို့ ပြန်ပြောနေတာလဲ!"

⚠I Became The 4th Male Lead⚠(Complete✔)Donde viven las historias. Descúbrelo ahora