Chapter - 9

6K 671 14
                                    


Unicode

[အရှင်သခင်..အခုလိုကျိုးချန်ကုန်းကိုဆက်ဆံလိုက်တာ အဆင်ရောပြေပါ့မလား။ကျိုးချန်ကုန်း ဒေါသထွက်သွားရင်ဘယ်လိုလုပ်မလဲ]

"မင်းစိတ်ပူတာနောက်ကျသွားပြီ"

ခုနလေးတင်ပဲ ကျန်းမေ့ဆီကမုန်းတီးမှုရာခိုင်နှုန်းတွေတိုးမြင့်လာသည်သာမက ကျိုးချန်ကုန်းဆီကပါ မုန်းတီးမှုရာခိုင်နှုန်း တိုးသွားခဲ့တယ်။ ဒါပေမဲ့ သူလည်းဘာတတ်နိုင်မည်လဲ၊ရေမိုးချိုးပြီးလန်းဆန်းရမလားမှတ်တယ်။ရည်းစားထက်ပင်ဗျစ်တောက်ဗျစ်တောက်ပြောနေတဲ့ဘွားတော်ရယ် အလိုက်မသိသူ့ဆီရောက်လာတဲ့ကျိုးချန်ကုန်းကြောင့် လူကဒေါသတို့တိုးလာရုံပဲရှိတော့တယ်။

"နောက်မှပဲ ကျိုးချန်ကုန်းကိုပြန်ချော့လိုက်တော့မယ်။အခုတော့ အိပ်လိုက်ဦးမယ်"

[အရှင်သခင် မနေ့ညကလည်းအစောကြီးအိပ်ထားသေးတာကို ထပ်အိပ်ဦးမလို့လားဗျာ။ဇာတ်လိုက်တွေဆီကနှစ်သက်မှုရာခိုင်နှုန်းလိုက်မယူဘူးလား]

"သူတို့မှငါ့အရှေ့ကိုမပေါ်လာသေးတာ..ပေါ်လာမှပဲလုပ်တော့မယ်။အခုတော့ပျင်းတယ်"

[....]

ထိုနောက် ကျိုးချီလန် အိပ်ယာထက်လှဲအိပ်လိုက်ကာ မျက်လုံးတို့ကိုမှိတ်လိုက်တော့တယ်။ ရှဥ့်ကလေးကတော့ သူ့အရှင်သခင်၏ဘေးနားမှာထိုင်ကာ ဝက်သစ်ချသီးကိုကိုက်နေတော့သည်။

........
....

ဒေါက် ဒေါက် ဒေါက်

[အရှင်သခင်၊တစ်စုံတစ်ယောက်တံခါးလာခေါက်တယ်ဗျ]ဟုတံခါးခေါက်သံကိုကြားတဲ့အခါ ရှဥ့်ကလေးက သူ့အရှင်သခင်၏မျက်နှာကိုလက်ဖြင့်ခပ်ဖွဖွပုတ်ကာနှိုးလိုက်သည်။

"ဟင်"

ကျိုးချီလန် မထချင်ထချင်ဖြင့်ထလိုက်ပြီး သမ်းဝေလိုက်ကာ သူ့ဆံပင်တို့ကိုစိတ်ရှုပ်ပြီးအကြမ်းပတမ်းဖွပစ်လိုက်သည်။

"ဘယ်အချိန်ရှိနေပြီလဲ"

ကျိုးချီလန် မှန်ပြတင်းပေါက်ဆီလျှောက်သွားလိုက်ကာ ချထားသည့်လိုက်ကာတို့ကိုဖွင့်လိုက်တော့ မှောင်ရိပ်သန်းနေပြီဖြစ်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now