Chapter - 49

3.9K 459 12
                                    

Unicode

ချီလန်တစ်ယောက်မေ့ဆေးရှိန်ပြယ်ပြီး နိုးလာတဲ့အခါ သူ့မျက်လုံးကိုပဝါစဖြင့်စည်းနှောင်ထားခြင်းကြောင့် ဘာဆိုဘာမှမမြင်ရချေ။ ချီလန်မလှုပ်မယှက်နှင့်နားဆွံ့ကာ ပတ်ဝန်းကျင်မှအသံတို့ကိုနားထောင်လိုက်သည်။

"...သူ့.. ဒဏ်ရာမရစေနဲ့....မပြော...လား.."

"တောင်းပန်...တယ်...အပြစ်...ပါ"

ကြားနေရတဲ့စကားပြောသံတွေက ပြတ်တောက်နေကာဘာတွေပြောနေသလဲဆိုတာကို သဲသဲကွဲကွဲမသိရချေ။ စကားသံတွေကရပ်ဆဲသွားပြီးနောက် အခန်းတံခါးဖွင့်သံကိုကြားလိုက်ရပြီး အခန်းထဲသို့လူဝင်လာသည့်ခြေသံတစ်စုံကိုကြားလိုက်ရသည်။ခြေသံကသူ့ရှေ့ရောက်တော့ပျောက်သွားတာကြောင့် သူ့ရှေ့၌ထိုလူကရပ်လိုက်တာကို ချီလန်သလိုက်သည်။

"မင်းနိုးနေပြီမလား"

မရင်းနှီးလှသောခပ်စိမ်းစိမ်းအသံကြောင့် ချီလန့်ရဲ့မျက်ခုံးတို့ကျုံ့သွားသည်။ ထိုလူစိမ်းကခပ်တိုးတိုးရယ်လာပြီး သူ့ရဲ့နားရွက်ကိုလာထိသည်။ ချီလန်ရှောင်လိုက်ပေမဲ့ ထိုလူစိမ်းကသူ့ရဲ့မေးရိုးကိုဖျစ်ညစ်လိုက်ကာ..

"မျက်လုံးစည်းဖယ်ပေးမလို့..ငြိမ်ငြိမ်နေ"

ဤအသံကိုမရင်းနှီးပေမဲ့ အမိန့်ပေးလာသည့်လေသံကသူ့အသွေးအသားထဲအထိရင်းနှီးကျွမ်းဝင်မှုရှိကာ ချီလန်ဟာချက်ချင်းငြိမ်သတ်မိသွားသည်။ သူ့မျက်လုံးစည်းကိုဖယ်ပေးပြီးတဲ့အခါမှာတော့ လူစိမ်းကိုသူတွေ့လိုက်ရတော့သည်။

"...လီယန်"

လီယန်ကခုံတစ်ခုံဆွဲကာသူ့ရှေ့၌ထိုင်လာသည်။သူကမျက်လုံးစည်းကိုသူ့လက်၌ရစ်ပတ်ကာကလိနေရင်း..

"မင်းငါ့နာမည်ကိုမှတ်မိနေတာပဲ..ကောင်းတယ်။"

"ဒါဘာသဘောလဲ"

"ဘာသဘောရမှာလဲ..မင်းကိုလိုချင်လို့ငါ့လူတွေကိုခေါ်ခိုင်းလိုက်တာလေ..ဒါပေမဲ့ မင်းကဇမသေးတော့ သူတို့နည်းနည်းကြမ်းသွားတယ်။ မင်းမျက်နှာကိုငါဆေးထည့်ပေးထားတယ်..မင်းရဲ့မျက်နှာကိုထိခိုက်စေတဲ့သူကိုလည်း ငါအပြစ်ပေးထားတယ်.."

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now