Chapter - 82

3.3K 337 3
                                    

Unicode

နောက်တစ်နေ့နေ့လယ်လောက်မှာ ချီလန်နိုးလာခဲ့သည်။ သူ့ရဲ့အနောက်တွင်လီယန်ကလှဲနေပြီး သူ့ကိုရင်ခွင်ထဲထည့်ကာတင်းကြပ်စွာဖက်ထားလေသည်။ သူ့ခန္ဓာကိုယ်ကသန့်ရှင်းနေပြီးအဝတ်အစားများရှိနေတာကြောင့် လီယန်ပြင်ဆင်ပေးထားမှန်းသိလိုက်သည်။ လီယန်ဟာလည်းသန့်သန့်ပြန့်ပြန့်ရှိနေပြီး ကြည့်ရတာသူမနိုးသေးလို့သူ့ဘေးမှာပြန်အိပ်နေပုံပေါ်သည်။

လီယန့်ဘက်သို့ချီလန်လှည့်လိုက်ပြီး လီယန့်ရဲ့အိပ်မောကျနေတဲ့မျက်နှာကိုစိုက်ကြည့်လိုက်သည်။ နတ်ဆိုးဘုရင်ကြီးရဲ့ရုပ်အစစ်အမှန်ကသူ့မျက်လုံးထဲပေါ်လာတော့သည်။ နတ်ဆိုးဘုရင်ကလီယန့်ထက်ပိုချောမောသည်။ ပြီးတော့ ပိုပြီးအေးစက်ပြီးတည်ငြိမ်တဲ့ပုံပေါ်သည်။ အသက်လည်းတော်တော်ကြီးနေပြီဖြစ်တဲ့ဘိုးတော်ကြီးလည်းဖြစ်သည်။

ချီလန့်ဟာသူ့ဘာသာတွေးပြီး ရယ်လိုက်သည်။ထိုနောက်လီယန့်ရဲ့မျက်နှာကိုပြန်ကြည့်လိုက်၏။ နတ်ဆိုးဘုရင်ကအကောင်းတော့ကြိုက်တတ်သားပဲ။ တကယ်ကိုကြည့်ကောင်းပြီး သူနဲ့နီးစပ်တဲ့လူတစ်ယောက်ကိုရွေးချယ်ထားသည်။

ချီလန်ဟာလီယန့်ရဲ့မျက်နှာအစိတ်အပိုင်းတို့ကိုလက်ညိုးလေးဖြင့်လိုက်ထိလို့နေသည်။ ထိုနောက်လီယန့်ရဲ့လည်ပင်းမှနေပြီး ရင်ဘတ်ဆီသိုရောက်သွား၏။ချီလန်ကလီယန်ကိုတစ်ချက်မော့ကြည့်လိုက်ပြီးနောက် အောက်ကိုအကြည့်ပြန်ပို့ကာ လီယန့်ရဲ့ရင်ဘတ်ကိုညစ်လိုက်၏။ ခပ်တင်းတင်းနဲ့ညစ်လို့ကောင်းတဲ့ရင်ဘတ်ကြောင့် ချီလန်ဟာလျှာသပ်လိုက်သည်။ ထိုနောက် လီယန့်ကိုအကဲခတ်လိုက်ပြီး မနိုးသေးတာမြင်တဲ့အခါ ချီလန်ကခေါင်းကိုရင်ဘတ်ဆီသို့တိုးကပ်သွားလိုက်သည်။ ထိုနောက်အင်္ကျီကိုလည်ပင်းထိမတင်ပစ်လိုက်ပြီး မြင်လိုက်ရတဲ့တင်းတင်းရိရိရှိသော ရင်ဘတ်ဆီမျက်နှာအပ်လိုက်၏။

လီယန့်ရဲ့ရင်ဘတ်ကိုတစ်ဖက်ကညစ်ထားပြီး တစ်ဖက်မှအသီးလေးကိုပါးစပ်ထဲငုံလိုက်သည်။ တပြွတ်ပြွတ်နဲ့အားရပါးရနို့ဆာနေသည့်ကလေးတစ်ယောက်လိုစို့နေရင်း သူ့ရဲ့နဖူးဆီသို့ရောက်လာတဲ့အထိအတွေ့ကြောင့် လှုပ်ရှားမှုတို့ရပ်တန့်သွားလေသည်။

⚠I Became The 4th Male Lead⚠(Complete✔)حيث تعيش القصص. اكتشف الآن