Chapter - 59

3.8K 417 10
                                    

Unicode

ချီလန်ကသက်ပြင်းချလိုက်သည်။ သူကလျှာရှည်လွန်းသောဝမ်ရန်ကောကိုတစ်ချက်ခပ်စူးစူးစိုက်ကြည့်ပေးလိုက်သည်။ဝမ်ရန်ကောကအောက်နှုတ်ခမ်းကိုဖိကိုက်ပြီး မျက်နှာကိုလွှဲသွားလေ၏။

ချီလန်ကသူ့ကိုသံသယတို့ဖြင့်ကြည့်နေသော ကျိုးချန်ကုန်းနှင့်ကုန်းရီရှောင်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ လီယန့်ကိုကာကွယ်နေတာမဟုတ်ဘူး၊မင်းတို့ကိုကာကွယ်နေတာ။လီယန်ကမင်းတို့ထင်သလို သာမန်လူတစ်ယောက်မဟုတ်ဘူး။ သူဘာကြီးလည်းဆိုတာကိုတော့ ငါမပြောဘူး၊ဒါပေမဲ့သူ့ကိုသွားရန်မစနဲ့..။

ပြီးတော့ သူနဲ့ငါ့ရဲ့ပတ်သတ်မှုကမင်းတို့ထင်သလိုမရိုးရှင်းဘူး။အဲလိုပဲသိထားကြ..တစ်ခါတလေအပြင်ကိုထုတ်ပြောလို့မရတဲ့အရာတွေရှိတယ်.."

"...."

ကျိုးချန်ကုန်းနဲ့ကုန်းရီရှောင်က အရှေ့ကပိတ်လိုက်တဲ့ချီလန့်ရဲ့စကားကြောင့် မေးချင်တာတွေကိုရှိတာကိုတောင်မြိုသိပ်လိုက်ရသည်။ ဒါပေမဲ့ ကုန်းရီရှောင်ထံ၌အစီအစဥ်တစ်ခုရှိနေ၏။

"အိုခေ၊ကိုယ်ဘာမှမမေးတော့ဘူး။ အချစ်ကလေး မင်းရေချိုးစရာရှိတာဆက်ချိုးတော့.."

"ချီလန်..."

ချီလန်ဟုတနေသေးသည့် ကျိုးချန်ကုန်းကိုလည်းသူကဆွဲခေါ်ကာအခန်းထဲကနေထွက်သွားလိုက်တော့သည်။ ဝမ်ရန်ကောကတော့ ချီလန့်ကိုညှင်သာစွာပြုံးပြလိုက်ပြီးနောက် သူလည်းအခန်းထဲမှအမြန်ထွက်သွားတော့၏။

ချီလန်လည်းအခုမှပဲရေအေးဆေးချိုးနိုင်တော့သည်။ဇာတ်လိုက်တွေက သူ့ရဲ့စကားကိုဒီလောက်ထိနားထောင်လိမ့်မည်ဟုမထင်ထားဘူး။ အလွယ်တကူလေးဖြေရှင်းနိုင်လိုက်တာပဲဟုချီလန်ကထင်ထားခဲ့ပေမဲ့...

ရေချိုးပြီးလို့ ရေချိုးခန်းမှသူပြန်ထွက်လာတော့ ကျိုးချန်ကုန်းနှင့်ကုန်းရီရှောင်တို့နှစ်ယောက်က အခန်းထဲမှာမတ်တပ်ရပ်ပြီးသူ့ကိုစောင့်နေကြ၏။ ချီလန်မျက်ခုံးနှစ်ဖက်စလုံးပင့်တက်သွားသည်။

"ဘာလုပ်နေကြတာလဲ"ဟုချီလန်ကမေးလိုက်၏။ ထိုအခါ ကျိုးချန်ကုန်းကကုန်းရီရှောင်ကိုမျက်လုံးလှန်ကြည့်လိုက်ပြီး သူကချီလန့်အနားကိုလျှောက်သွားလိုက်၏။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now