Chapter - 103

3.1K 263 1
                                    

Zawgyi

..မိစ္ဆာတိုင်းပြည်..

နတ်ဆိုးဘုရင်၏နန်းတော်ခန်းမဆောင်ထဲတွင် မိစ္ဆာများဟာကြောက်လန့်စွာဖြင့် ဒူးများထောက်ကာမျက်နှာများကိုငုံ့ချထားကြသည်။ ခန်းမဆောင်ထဲ၌နာကျင်စွာအာခေါင်ခြစ်အော်သံများကျယ်လောင်စွာထွက်ပေါ်နေပြီး သွေးစိမ်းရှင်ရှင်များကနေရာအနှံ့ပြန့်ကျဲလို့နေသည်မှာ သွေးအိုင်ကြီးတဖွယ်..။

နတ်ဆိုးဘုရင်ဟာသူခုနလေးတင်ဖြတ်တောက်ထားသည့် မိစ္ဆာတစ်ကောင်၏ဦးခေါင်းကိုကိုင်၍ စင်ပေါ်မှဆင်းလို့လာသည်။ သူကထိုမိစ္ဆာ၏ဦးခေါင်းကိုဘေးဘက်သို့ရက်စက်စွာလွင့်ပစ်လိုက်ပြီး လက်တစ်ဖက်ပြတ်ကာသွေးအလိမ်းလိမ်းဖြင့် ဒူးထောက်နေသည့်နတ်ဆိုးစစ်သူကြီးကိုငုံ့ကြည့်လိုက်သည်။

"မောင်မင်းတို့ကများ ကိုယ်တော့်ကိုထိန်းချုပ်ချင်ကြသေးတယ်ပေါ့~"

အေးစက်ပြီးခြောက်ကပ်နေသည့်ခပ်ရှရှအသံဟာ သူတို့၏နားထဲသို့တိုးဝင်လာပြီး မိစ္ဆာများဟာတုန်လှုပ်ကုန်ကြသည်။သူတို့၏အရှင်သခင်ဟာ ပြန်ရောက်လာသည်နှင့် အကြံပေးမိစ္ဆာများနဲ့နတ်ဆိုးစစ်သူကြီးကိုဆင့်ခေါ်ခဲ့သည်။အဲဒီနောက် အရှင်သခင်ကသူ့ကိုသစ္စာဖောက်ကာထိန်းချုပ်ဖို့ကြိုးစားခဲ့သော မိစ္ဆာတစ်ကောင်ချင်းစီကိုအတိအကျဆင့်ခေါ်ပြီး သူတို့ရှေ့မှာတင်သတ်ဖြတ်ခဲ့သည်။ အရှင့်ကိုသစ္စာဖောက်သောမိစ္ဆာတို့မှာအကြောင်းပြချက်လေးတောင် မပေးနိုင်ရှာပဲ အရှင့်ရဲ့လက်အောက်တွက်ဇီဝိန်ချုပ်ကုန်ကြ၏။

နတ်ဆိုးစစ်သူကြီးဟာတော့ သူ့ဘေးမှသူနှင့်ကြံရာပါတို့၏သွေးနှင့်အလောင်းတို့ကိုကြည့်၍တုန်လှုပ်နေမိသည်။ သူဟာအခြားသောအရာများကိုမကြောက်ပေမဲ့ နတ်ဆိုးဘုရင်ကိုတော့လွန်စွာကြောက်မိသည်။ဒါပေမဲ့ သူဟာလောဘကြောင့်နတ်ဆိုးဘုရင်ကိုသစ္စာဖောက်ခဲ့မိသည်။ ထိုလောဘကြောင့်ပဲ သူ့ဟာသေဆုံးရတော့မည်။ ဒါပေမဲ့သူဟာတကိုယ်ကောင်းဆန်စွာ လွတ်မြှောက်မှုကိုလိုချင်နေသေးသည်။

"နတ်ဆိုးစစ်သူကြီး..ခင်ဗျားကကိုယ်တော်ရဲ့လူဖြစ်လာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး။အခြားလူတွေကိုယ့်တော်ကိုသစ္စာဖောက်သွားတာကို ကိုယ်တော်ဘာမှမခံစားရပေမဲ့ ခင်ဗျားသစ္စာဖောက်သွားတဲ့အပေါ်တော့ ကိုယ်တော်ဝမ်းနည်းမိတယ်"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now