Chapter - 15

5.8K 669 31
                                    

Unicode

ကျိုးချီလန်က တော်တော်လေးတော့ချောမောကြည့်ကောင်းသည်။သူကဒီအတိုင်းလေး ရုပ်တည်နဲ့ရပ်တန့်နေတာနဲ့ကိုပင် တောက်ပခမ်းနားလို့နေတယ်။ ကုန်းရီရှောင်က ကျိုးချီလန်ကိုခဏလောက်ငေးမောမိသွားပြီးနောက် သူကသူ့စိတ်သူပြန်ထိန်းကာ ဒေါသသံနှင့်ပြောဆိုလိုက်တယ်။

"မင်းကကျိုးချီလန်မလား..ဒီမှာကျိုးချီလန် မင်းနဲ့ဝမ်ရန်ကောဘယ်လိုပူးပေါင်းမိသွားကြသလဲငါမသိပေမဲ့ အားနည်းတဲ့ကောင်လေးတစ်ယောက်ကိုအနိုင်ကျင့်တာတော့မကောင်းဘူးထင်တယ်"

ကုန်းရီရှောင်ရဲ့စကားကြောင့် ဘေးနားကလူတစ်စုကကြောင်တောင်တောင်ဖြစ်သွားကြတယ်။

"ကျိုးသခင်လေးနဲ့ဝမ်သခင်လေးတို့ကပူးပေါင်းထားကြတာလား။ဒါကြောင့် ကုန်းသခင်လေးကိုတိုက်ခိုက်တာလား"

"အားနည်းတဲ့ကောင်လေးဆိုတာဘယ်သူ့ကိုပြောတာလဲ..ကုန်းရီရှောင်ကသူ့ကိုယ်သူပြောတာလား?ဒါပေမဲ့ သူကအားနည်းမနေဘူးနော်..ကျိုးသခင်လေးထက်စာရင်အားနည်းပေမဲ့ ဒါမဲ့ အားမနည်းဘူးနော်ဟေ့"

အဲ့ဒီအချိန်မှာပဲ ဝမ်ရန်ကောက သူတို့အနားကိုခြေလှမ်းကျဲနဲ့ရောက်လာပြီး သူကကုန်းရီရှောင်ပြောလိုက်တဲ့စကားကိုကြားလိုက်ကာ ငြင်းဆန်ခြင်းပြုတော့သည်။

"ကုန်းရီရှောင်...မင်းဘာစကားပြောတာလဲ။ငါက ကျိုးသခင်လေးနဲ့ပူးပေါင်းတယ် ဟုတ်လား?!ကျိုးသခင်လေးကိုငါအခုမှတွေ့ဖူးတာကွ!"

ကုန်းရီရှောင်က မယုံကြည်ပေ။
"စောက်ပိုတွေမပြောနဲ့..မင်းလူမလို့ငါ့ကိုတိုက်ခိုက်တာပေါ့ကွ!ဝမ်ရန်ကော..မင်းကမင်းထက်တော်တဲ့လူကိုသေချာရှာနိုင်တာပဲနော်.."

"စောက်ပိုတွေအထင်မှားနေတာ မင်းပဲကွ။ကျိုးသခင်လေးကို ငါမသိပါဘူးဆို..ကျိုးသခင်လေးသာမင်းကိုနိုင်တာငါအစကတည်းကသိရင် ငါ့လူတွေနဲ့ငါအပင်ပန်းခံမနေဘူး။မင်းကိုမှောက်သိပ်ပြီးပြီ..နားလည်လား"

လေးလေးနက်နက်နဲ့အတည်ကြီးငြင်းဆန်နေတဲ့ ဝမ်ရန်ကောကြောင့် ကုန်းရီရှောင်တွေဝေသွားတယ်။ ဝမ်ရန်ကောကမလိမ်ညာတတ်တဲ့အကောင်ဆိုတာတော့သူသိတယ်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now