Chapter - 89

2.6K 282 6
                                    

Unicode

လီယန်ရောက်လာတဲ့အခါမှာတော့ လူတိုင်းတိတ်ဆိတ်ငြိမ်သတ်သွားကြသည်။ တအောင့်နေတော့ ချီလန်ကကြောင်အမ်းအမ်းဖြင့်မေးလိုက်သည်။

"လီယန်..ခင်ဗျား ဘာလာလုပ်တာလဲ?"

"သတိရလို့မင်းဆီကိုလာတာလေ.."

"...."

ကျိုးချန်ကုန်းဟာ ဒီနေ့ကျမှပဲသူ့အိမ်သို့ရောက်လာသည့်အရှုပ်ထုတ်တွေကြောင့် စိတ်မကြည်တော့ပေ။ သူတို့တွေကိစ္စအမြန်ဖြတ်ပြီး ထွက်သွားကြရင်ကောင်းမည်။ဒါမှ ချီလန်နှင့်နှစ်ယောက်ထဲသူအေးဆေးနေလို့ရမှာဖြစ်သည်။

လီယန်ကဝမ်ရန်ကောလက်ထဲကရှရီကိုတစ်ချက်ကြည့်လိုက်သည်။ထိုနောက်သူဟာအခြေအနေကိုနားမလည်နိုင်စွာဖြင့် ချီလန့်အားမေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ?သူကရောဘယ်သူလဲ?"

"ဒီတိုင်းအနှောင့်အယှက်လေးပါ"ဟုချီလန်ဟာတိုတိုပြတ်ပြတ်ပြောလိုက်ပေမဲ့ ကျိုးချန်ကုန်းကမကျေမနပ်ဖြင့်ထပြောတော့သည်။

"အဲကောင်က ချီလန့်ကိုပြည့်တန်ဆာလို့ခေါ်တယ်။သူကချီလန့်ကိုမကောင်းကြံဖို့ကြိုးစားနေတာပဲ..ချီလန့်ကိုအရှက်ခွဲချင်နေတာ..။ချီလန့်ကိုတောင်သူ့ကိုတောင်းပန်ဖို့ ငါ့ဆီအကူအညီလာတောင်းနေတယ်လေ..ရူးနေတာပဲ"

"သြော်"ဆိုသည့်လီယန့်ရဲ့လေသံထဲမှ အေးစက်ခြင်းတို့ကိန်းအောင်းလို့လာသည်။ 

ဝမ်ရန်ကောကရှရီကိုလွှတ်ပေးလိုက်သည်။ရှရီဟာပစ်လဲကျသွားသည်နှင့် သူ့ရဲ့နီရဲနေသောလည်ပင်းအားကိုင်ကာ ချောင်းအဆက်မပြတ်ဆိုးတော့သည်။ သူဟာဝမ်ရန်ကောကိုအတော်လေးကြောက်လန့်နေမိသည်။ ဝမ်ရန်ကောကသူ့ကိုတကယ်ကြီးသတ်ဖို့ကြိုးစားခဲ့တာပဲ။

ရှရီကခေါင်းမော့ကြည့်လိုက်တော့ လူစိမ်းတစ်ယောက်ကိုမြင်လိုက်လေသည်။ ထိုလူစိမ်းကလည်းချောမောကြည့်ကောင်းနေပြီး သူ့ကိုစိုက်ကြည့်နေသည်။

ရှရီဟာလည်ပင်းအညစ်ခံထားရတဲ့အတွင်းမှာ အသိစိတ်မဲ့နေခဲ့တာကြောင့် လီယန်တို့ပြောနေတဲ့စကားတွေကိုမကြားခဲ့ရချေ။ဒါကြောင့် ရှရီဟာလီယန်ကချီလန့်၏ချစ်သူဟုမထင်မှတ်မိလိုက်ပဲ ဒီတိုင်းကျိုးအိမ်တော်သို့ရောက်ရှိလာသည့်ဧည့်သည်တစ်ဦးဟုထင်သွားသည်။ထိုနောက် သူဟာလီယန်ဆီသို့အပြေးသွားလိုက်ကာ လီယန့်ရဲ့ခြေထောက်ကိုဖက်တွယ်လိုက်ပြီး အနိုင်ကျင့်ခံရသူပမာအော်ဟစ်ကာတိုင်တန်းတော့သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now