Chapter - 37

4.7K 533 15
                                    

Zawgyi

ချီလန်တစ်ယောက်တောင့်တင်းသွားရသည်။ တစ်ဖက်လူကသူ့ကိုနမ်းနေသည်ဆိုတာထက် ခွေးတကောင်လိုသူ့နှုတ်ခမ်းသားတို့ကိုကိုက်ခဲလာသည်။ ကျိုးချန်ကုန်းနှင့်ဝမ်ရန်ကောတို့ကကျောက်ရုပ်လိုတောင့်ခဲနေကြပြီးမှ သူတို့ကချက်ချင်းချီလန်နဲ့ထိုလူကိုဆွဲခွာကြသည်။ ဝမ်ရန်ကောကချီလန့်ကိုဆွဲပြီးသူ့အနောက်ကိုထားလိုက်ပြီး ကျိုးချန်ကုန်းကတော့ထိုလူရဲ့ကော်လန်ကိုဆုတ်ကိုင်လိုက်ပြီး..

"မင်းဘာလုပ်တာလဲကွ!သေချင်လို့လား!"

ကောင်းမုရှင်းကလည်းမျက်နှာပျက်ယွင်းလို့နေ၏။မစ္စတာလီကကျိုးချီလန်ကိုကိုယ်ထိလက်ရောက်ကျူးလွန်မည်ဟုမထင်ထားခဲ့ချေ။ ဒါပေမဲ့ဘာကြောင့်ကျိုးချီလန်ကိုလဲ..။

ထိုလူကလျှာသပ်လိုက်ပြီး ချီလန့်ရဲ့သွေးကိုအရသာခံလိုက်သည်။ထိုနောက် သူကကျိုးချန်ကုန်းကိုနိမ့်ကျသောလူတစ်ယောက်ကိုကြည့်နေသည့်အလားစိုက်ကြည့်ကာပြောလိုက်သည်။

"မင်းဆီမှာသူ့ရဲ့အငွေ့အသတ်ရပေမဲ့သူမဟုတ်တာကိုငါသိသားပဲ။ သူ့ဆီမှာလည်းရနေတယ်.."ဟုဝမ်ရန်ကောကိုလည်းကြည့်ကာပြောလိုက်တယ်။ ဝမ်ရန်ကောနဲ့ကျိုးချန်ကုန်းကတော့ ဒီလူဘာကိုပြောနေသလဲနားမလည်ချေ။ထိုလူကချီလန်ကိုလိုချင်တပ်မတ်စွာဖြင့်ကြည့်လာသည်။သူ့ရဲ့သွေးနီရောက်မျက်ဝန်းတို့ကအရင်ကထက်ပိုပြီးသွေးဆာလာသလိုအရောင်တောက်လာသည်။

"မင်းငါ့ဘေးကဖြတ်သွားတော့ မင်းမှာငါရှာနေတဲ့လူရဲ့အငွေ့အသတ်တွေအပြည့်ပဲရှိနေတယ်။ နောက်ဆုံးတော့မင်းကိုရှာတွေ့ပြီပဲ.."
ထိုနောက်ထိုလူဟာချီလန်ကိုစိုက်ကြည့်ရင်း နှုတ်ခမ်းတို့ကိုလှုတ်ခတ်ကာတစ်ခုခုပြောလိုက်သည်။ ချီလန်ရဲ့မျက်နှာကဖြူဖျော့သွားပြီး ဝမ်ရန်ကောရဲ့လက်မောင်းကိုတင်းကြပ်စွာဆုတ်ကိုင်လိုက်မိသည်။ ဝမ်ရန်ကောကလည်းသတိထားမိပြီး ချီလန်ကိုငဲ့စောင်းကြည့်လိုက်တယ်။တစ်စုံတစ်ယောက်ကြောင့်ချီလန်အခုလိုတုန်လှုပ်နေတာကိုသူမမြင်ဖူးချေ။ ဝမ်ရန်ကောကထိုလူကိုပြန်ကြည့်လိုက်တယ်။ချီလန့်ကိုတုန်လှုပ်အောင်လုပ်နိုင်တဲ့ဒီလူကဘယ်သူများလဲ။ အစည်းအဝေးခန်းတုန်းကရှိခဲ့တယ်ဆိုတော့ ကျိုးကုမ္ပဏီရဲ့ရှယ်ယာဝင်တစ်ယောက်ပဲဖြစ်မည်။ ဒါပေမဲ့ဒီလူ့ကိုကျိုးချန်ကုန်းကလည်းသိပုံမရချေ။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now