Chapter - 46

3.9K 463 10
                                    

Unicode

ကျိုးချန်ကုန်းက စိတ်လွတ်ကိုယ်လွတ်ပျော်ပါးကခုန်နေကြသည့် အကစင်မြင့်ထက်အကမယ်လေး၏ဘေးကအမူးသမားများကိုကြည့်ကာ စိတ်တွေပျက်လို့နေ၏။ သူ့မှာစိတ်ပျက်ခြင်းတို့ဖြစ်ပေါ်လာတိုင်း သူ့ဘေးမှာထိုင်နေသည့်သူ့ချီလန်ရဲ့မျက်နှာလေးကိုကြည့်လိုက်ကာမှ စိတ်ချမ်းသာမှုတွေပြန်ရတော့တယ်။

ချီလန်ကတစ်ခွက်ပြီးတစ်ခွက်ကိုအပြင်းစားတွေပဲမော့သောက်နေသောကြောင့် ကျိုးချန်ကုန်းမှာရင်တွေပူလာရသည်။

"ရှောင်လန်..အများကြီးမသောက်နဲ့နော်"

"ဟမ့်..ဒါကများတယ်လို့ကောကထင်နေတာလား။ပါးပါးလေးပဲရှိသေးတယ်"ဟုပြန်ပြောရင်း ချီလန်ကနောက်ထပ်အပြင်းစားအရက်နှစ်ခွက်ဆက်တိုက်မော့ချ၏။ အခုလိုအားရပါးရမသောက်ရသည်မှာကြာပြီဖြစ်သည်။

ကျိုးချန်ကုန်းကတားမရတဲ့အခါ လက်လျှော့လိုက်သည်။ဘယ်တုန်းကများ ချီလန့်ကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ဟုဇွတ်တားဆီးနိုင်လို့လဲ။ ကျိုးချန်ကုန်းကပန်းကန်ထဲက ချိစ့်နှင့်စပျစ်သီးတို့ကိုသာထိုင်စားနေတော့သည်။

ချီလန်ကတစ်ခွက်မော့သောက်လိုက်ရင်း ဘေးဘီကိုကြည့်လိုက်သည်။ သူကအခုမှကုန်းရီရှောင်ပျောက်နေသည်ကိုသတိထားမိသွား၏။

"ကော..ရီရှောင်ရော?"

ကျိုးချန်ကုန်းကိုသူမေးလိုက်သည်။ကျိုးချန်ကုန်းကပုခုံးတစ်ချက်တွန့်ပြလာပြီး..

"ကိုယ်လည်းမသိဘူးလေ။ ဖြစ်နိုင်တာက သူသွားကဲနေတာနေမှာပေါ့"ဟု ချီလန်အထင်လွဲအောင်လို့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ သူပြောလိုက်သည်။အဓိကကချီလန် အဲ့ကောင်ကိုအထင်လွဲပြီးစိတ်ပျက်သွားကာလမ်းခွဲပစ်လိုက်ဖို့ပဲ။

ချီလန်ရဲ့မျက်ဝန်း၌မည်သည့်ခံစားချက်မှဖြတ်ပြေးသွားခြင်းမရှိပဲ သူကဘာအမူအရာမှပြောင်းလဲသွားခြင်းမရှိသလို အရက်ကိုသာဆက်၍သောက်နေ၏။ ထိုစဥ် ကျိုးချန်ကုန်းကသူတို့ဆီခြေလှမ်းကျဲများဖြင့်ရောက်လာသည့် ကုန်းရီရှောင်ကိုမြင်လိုက်တဲ့အခါ နှုတ်ခမ်းကိုမဲ့ပစ်လိုက်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now