Chapter - 72

3.3K 348 7
                                    

Zawgyi

လီယန်နှင့်ကုန်းရီရှောင်က စကားအနည်းငယ်ပြောဆိုပြီးနောက် ကျိုးချန်ကုန်းအားချီလန့်ကိုဂရုစိုက်ဖို့အထပ်ထပ်မှာကြားပြီး အိမ်ပြန်သွားကြလေသည်။ ထိုအခါမှကျိုးချန်ကုန်းလည်းသက်ပြင်းချနိုင်တော့၏။ ထိုနောက် သူချီလန့်အခန်းဆီသို့ပြန်လာတဲ့အခါ ချီလန်ကနိုးနေပြီဖြစ်သည်။

"ရှောင်လန်.."

ကျိုးချန်ကုန်းကလေသံတိုးတိုးဖြင့်ခေါ်လိုက်သည်။အဲဒီနောက် သူဟာခေါင်းလေးကိုငုံ့ရင်း ချီလန့်ဆီသို့လျှောက်လာပြီး ချီလန့်ရှေ့၌ခပ်ကျုံ့ကျုံ့လေးရပ်လာ၏။ မသိရင်အပြစ်သားတစ်ယောက်အပြစ်ဝန်ခံတော့မည့်ပုံစံပမာ..။

"ရေ"

ချီလန်ကကျိုးချန်ကုန်းကိုတောင်းလိုက်၏။ကျိုးချန်ကုန်းကချက်ချင်းပဲစားပွဲပေါ်ကနေရေသွားယူပြီး ချီလန့်လက်ထဲကိုထည့်ပေးလိုက်သည်။ ချီလန်ရေမော့သောက်နေစဥ် သူကချီလန့်ရဲ့မျက်နှာကိုအကဲခတ်နေ၏။

ချီလန်ကရေသောက်နေရင်း ကျိုးချန်ကုန်းရဲ့အပြုအမူတွေကြောင့်အထူးအဆန်းဖြစ်သွားသည်။ရေခွက်ကိုကျိုးချန်ကုန်းကိုပေးလိုက်ပြီး..

"ကော မင်း.."

ကျိုးချန်ကုန်းကချီလန့်ဆီကကွဲအက်နေသောအသံကြောင့် ကျိုးချန်ကုန်းကချက်ချင်းဒူးထောက်လိုက်လေသည်။ထိုနောက် လက်နှစ်ဖက်လုံးကိုမြှောက်ထားလိုက်ပြီး..

"ကောတောင်းပန်ပါတယ်။ကောကိုစိတ်မဆိုးပါနဲ့နော်..ကောရဲ့တုံးအမှုကြောင့် တစ်ဖက်လူရဲ့ထောင်ချောက်ထဲကိုကျသွားရတာပါ။ ကောကိုအပြစ်တင်လို့ရပါတယ် ဒါပေမဲ့စိတ်တော့မဆိုးလိုက်ပါနဲ့နော်..ဟင့်"

ကျိုးချန်ကုန်းမှာမငိုမိအောင်ထိန်းချင်ပေမဲ့ ချီလန့်ရဲ့အကြည့်တွေကြောင့် ငိုရှိုက်မိသွားတော့သည်။ ချီလန်ကမေးထောက်လျက် ကျိုးချန်ကုန်းရဲ့သူ့ကိုယ်သူအပြစ်တင်နေပုံလေးကို သဘောကျပြီးကြည့်လို့နေသည်။

"ကျွန်တော်ကဘာကိုစိတ်ဆိုးရမှာလဲ ပြောကြည့်လေ"

ချီလန့်ရဲ့အမေးကို ကျိုးချန်ကုန်းကငိုသံလေးဖြင့်ပြန်ဖြေလာ၏။
"ဟင့် ကိုယ့်ကြောင့်ချီလန်အရမ်းငိုနေခဲ့ရတာကို..ပြီး ပြီးတော့ ချီလန့်ကရပ်ပေးဖို့တားတာတောင် ကိုယ်ကမရပ်ပေးခဲ့ဘူးးး ဟင့် နောက်ပြီးတော့ ချီလန်ကမေ့ ဟင့် မေ့တောင်လဲသွားတာလေ..ကိုယ်အသုံးမကျတာပါ ကိုယ်မင်းကိုမရှာခဲ့သင့်တာ.."

⚠I Became The 4th Male Lead⚠(Complete✔)On viuen les histories. Descobreix ara