Chapter - 98

2.9K 290 13
                                    

Unicode

သင်္ဘောပေါ်သို့ရောက်တဲ့အခါ ကုန်းရီရှောင်ကကျန်တဲ့သုံးယောက်အား နေချင်တဲ့အခန်းမှာသွားနေကြဟုပြောကာ နှင်ထုတ်လိုက်ပြီး ချီလန့်ကိုတော့ အကောင်းဆုံးအခန်းသို့ခေါ်ဆောင်လာ၏။

သူဟာချီလန့်ရဲ့အိတ်ကိုအခန်းထောင့်မှာချလိုက်ပြီး အခန်းကိုစပ်စုနေသည့်ချီလန့်ကိုပြောလိုက်၏။

"အချစ်ကလေး..ဒါကမင်းရဲ့အခန်းပဲ။ အပြင်ဘက်ထွက်ကြည့်လိုက်..ရေကူးကန်ကိုတန်းမြင်ရလိမ့်မယ်!"

ကုန်းရီရှောင်စကားအဆုံး ချီလန်လည်းဝရံတာဆီသို့ထွက်သွားလိုက်သည်။ သူ့အခန်းရဲ့မျက်နှာချင်းဆိုင်တည့်တည့်တွင် ရေကူးကန်ကြီးရှိနေသည်။ ချီလန်ကသဘောကျလို့သွားကာ ပြုံးလိုက်သည်။ သင်္ဘောကစတင်ဆိပ်ကမ်းမှထွက်ခွာလာ၏။ ကုန်းရီရှောင်ကချီလန့်ကိုခေါ်ကာ သင်္ဘောပေါ်မှနေရာအနှံ့သို့လိုက်ပြပေး၏။ သူကသူ့ရဲ့စိတ်ကူးယဥ်မှုများကိုအကောင်အထည်ဖော်ဖို့ကြိုးစားလိုက်သည်။ ဒါကြောင့်ချီလန့်အားသင်္ဘော၏အရှေ့ဘက်သို့ခေါ်ဆောင်သွားလေသည်။

"အချစ်ကလေး..ကိုယ်တို့အဲကိုသွားရအောင်!"ဟုကုန်းရီရှောင်ဟာ သင်္ဘော၏ထိပ်ဆုံးပိုင်းကိုလက်ညိုးထိုးကာပြောလိုက်သည်။ ချီလန်လည်းကလေးတစ်ယောက်လိုတက်ကြွနေသည့် ကုန်းရီရှောင်ကြောင့်အပျော်တွေပျက်စီးသွားမည်စိုးကာ မငြင်းဆန်ချေ။

"အချစ်ကလေး ဒီကိုလာ!ကိုယ့်အရှေ့မှာရပ်လိုက်!သတိထားနော်.."

"...."

ချီလန်ကအရှေ့မှာရပ်လိုက်ပြီး သူ့အရှေ့မှရေပြင်ကျယ်ကြီးကိုငေးကြည့်လိုက်သည်။ ညနေစောင်းနေပြီဖြစ်ကာ နေဝင်နေသည်ကိုချီလန်ဟာကြည့်နေမိသည်။ ထိုစဥ်ကုန်းရီရှောင်ကသူ့အနောက်မှာနေရာယူလာပြီး လက်တန်းပေါ်ကသူ့ရဲ့လက်ကိုအပေါ်မှအုပ်ကိုင်လာသည်။

"မင်းဘာလုပ်မလို့လဲ"
ချီလန်ကမေးလိုက်သည်။

ကုန်းရီရှောင်ကပြုံးစိစိဖြင့် ချီလန်ရဲ့လက်ကိုဆုတ်ကိုင်ပြီး မြှောက်လိုက်ကာ သူတို့ရဲ့လက်တို့ကိုဆန့်တန်းလိုက်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now