Chapter - 63

3.6K 391 7
                                    

Unicode

ချီလန်ကနံရံကိုမှီလျက်လက်ပိုက်ကာမတ်တပ်ရပ်နေသည်။သူ့အရှေ့၌လီယန်ကဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ကာ ရပ်နေပြီးချီလန့်ကိုငုံ့ကြည့်နေ၏။ ချီလန့်ရဲ့လည်ပင်းပေါ်ကကိုက်ရာများကိုမြင်တော့ လီယန့်ရဲ့မျက်နှာကအေးစက်လို့သွား၏။သူက အင်္ကျီကော်လံကိုဘေးနားသို့အနည်းငယ်ဖယ်ကာကြည့်လိုက်ပြီး ချီလန့်ကိုစိုက်ကြည့်ကာပြောလိုက်သည်။

"ဒါကိုယ်ပေးထားတဲ့အမှတ်တွေမဟုတ်ဘူး။ကြည့်ရတာ မနေ့ညကမင်းဟိုကောင်တွေနဲ့ပျော်ပါးခဲ့ပုံပဲ။သိပ်ကိုပျော်စရာကောင်းခဲ့ရဲ့လား."

"သူတို့ကကျုပ်ချစ်သူပဲလေ။ ပျော်ပါးကြတာထူးဆန်းလို့လား..ပြီးတော့ သူတို့ကကျုပ်ကိုအတင်းအကြပ်ဖိအားပေးပြီးလုပ်ခဲ့ကြတာမဟုတ်ဘူး"

"....."

"လိုရင်းကိုပဲပြောကြတာပေါ့။ ကျုပ်နဲ့အပေးအယူလုပ်မယ်လို့ခင်ဗျားပြောတယ်နော်..ဆိုတော့ ဘာအပေးအယူလဲ?"

လီယန်ကသက်ပြင်းရှည်ကြီးချကာသူ့ရဲ့ဒေါသကိုထိန်းလိုက်သည်။ ထိုနောက်လီယန့်ဘေး၌ဝင်ရပ်ကာသူလည်းနံရံကိုမှီလိုက်၏။

"မင်းကိုလွှတ်ပေးလိုက်တဲ့ကောင်တွေကို ကိုယ်အပြစ်ပေးထားတယ်။ အခုဆိုသူတို့ကိုဘယ်တော့မှသာမန်လူတစ်ယောက်လိုဖြတ်သန်းခွင့်ရှိတော့မှာမဟုတ်တဲ့နေရာကို ကိုယ်ပို့လိုက်ပြီ"

"သူတို့ကဒီတိုင်းကျုပ်ခိုင်းလို့လုပ်ရတာပဲရှိတာ..ခင်ဗျားအဲလိုရက်စက်စရာလိုလို့လား"

ချီလန်ကမျက်မှောင်ကျုံ့လိုက်ပြီးပြောလိုက်သည်။ လီယန်ကချီလန့်ရဲ့ဘေးဘက်ဆီ၌လက်ထောက်လိုက်ကာ ချီလန်ကိုအုပ်မိုးကာငုံ့ကြည့်လိုက်၏။

"အို..မင်းကဘာမဟုတ်တဲ့ဇာတ်ကောင်လေးကိုသနားနေတာလား?ချီလန် မင်းရဲ့သနားကြင်နာမှုကသူတို့အပေါ်အသုံးမဝင်ပဲ ဒုက္ခပိုရောက်စေတယ်ဆိုတာကိုအခုထိမသိသေးတာလား?"

"...."
ချီလန်အံကြိတ်ကာ လီယန့်မျက်ဝန်းကိုစူးစိုက်ကြည့်လိုက်သည်။လီယန်ကထိုမျက်ဝန်းတွေကိုသဘောကျစွာကြည့်ပြီး ခပ်ထစ်ထစ်ပြုံးကာချီလန့်ရှေ့ကပြန်ဖယ်သွား၏။ သူကနက်ကတိုင်ကိုအနည်းငယ်ဖြည်လိုက်ရင်း..

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now