Chapter - 4

6.6K 690 9
                                    


Unicode

ဝမ်ရန်ကောက ကားပြိုင်ကွင်းဆီသို့ရောက်ရှိလို့လာသည်။သူ့နောက်မှနေ သူ့ဘော်ဒါတွေရဲ့ကားတွေဟာလည်း စီတန်းပြီးရပ်လာသည်။တချို့ပွဲလာကြည့်တော့ သူများလည်းပါလာကြ၏။ ဝမ်ရန်ကောဆီသို့ သူငယ်ချင်းတွေကစုလာကြပြီး ဝမ်ရန်ကောရဲ့ကားကိုကြည့်ကာ လေချွန်လိုက်၏။

"ရန်ကော မင်းကတကယ့်ကောင်ပဲ။ကုန်းရီချောင်ကိုပြိုင်မလို့လုပ်နေတာ ဟိုတစ်ခါပွဲတုံးက ကုန်းရီချောင်ရှုံးနိမ့်သွားလို့ပေးလိုက်ရတဲ့ကားနဲ့လား?"

ဝမ်ရန်ကောက လက်အိတ်ဝတ်နေရင်း ပြုံးလိုက်သည်။
"ဟုတ်တယ်။အဲ့ကောင်ရှုံးခဲ့တဲ့ကားနဲ့ငါပြိုင်မှာ..သူကသူရှုံးခဲ့တာကို သူ့ကားအပေါ်အပြစ်ပုံချချင်နေခဲ့တာမလား။အဲ့တော့ ငါကသူအပြစ်ပုံချခဲ့တဲ့ဒီကားနဲ့သူ့ကိုပြိုင်ပြမယ်။ငါနိုင်ခဲ့ရင် ဟက်..အဲ့ကောင်သေချာပေါက်သိသွားလိမ့်မယ်..အနိုင်ရဖို့အတွက် ကားအကောင်းစားတွေမလိုအပ်ဘူးဆိုပေါ့။နောက်ပြီး သူနဲ့ငါက အရည်အချင်းကွာခြားတယ်ဆိုတာလည်း သိအောင်ပြောပြရမယ်"

ဝမ်ရန်ကောကတော့ သူအနိုင်ရလိမ့်မည်ဟုအပြည့်အဝယုံကြည်ချက်ရှိသည်။

"ဝမ်ရန်ကော..ဖိုက်တင်း!!"

"ရှင်အနိုင်ရမယ်ဆိုတာ ကျွန်မသိနေတယ်!!"

"အမလေး..ချောလိုက်တာ"

အဝေးမှာရပ်ကြည့်နေကြသည့် ပရိသတ်တချို့ကလှမ်းအော်ပြောလာကြသည်။ဝမ်ရန်ကောသူငယ်ချင်းက ရယ်နေကြ၏။ထိုစဥ် ကုန်းရီချောင်ရောက်လာသည်။ ကုန်းရီချောင်က ကားပေါ်မှဆင်းလာပြီး ဝမ်ရန်ကောဆီလျှောက်လာ၏။ ကုန်းရီချောင်ဟာလည်း အတော်လေးချောမောသည်။ ကုန်းမိသားစုမှာ တတိယမြောက်သားဖြစ်သည်။ကုန်းရီချောင်က သူ့လူတွေနှင့် သူနှစ်စက်သည့်လူတွေကလွဲရင် အခြားသူတွေနှင့်မတည့်ချေ။မတည့်ဆိုသလို သူ့ကိုယ်သူသာအထင်ကြီးလေးစားသည့် ကုန်းရီချောင်ကမည်သူ့ကိုမှ သောက်ထက်မကြီးဘူး။

သူနှင့်ဝါသနာလည်းတူပြီး အပြိုင်နာမည်ကြီးနေသည့် ဝမ်ရန်ကောကို ကုန်းရီချောင်ကအမုန်းဆုံးဖြစ်သည်။သူတို့နှစ်ယောက်က ကမ္ဘာရန်ဘက်တွေဆိုသည်ကို လူတိုင်းကသိကြသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now