Chapter - 10

7K 723 77
                                    

Unicode

ကျိုးချန်ကုန်း တံခါးဖွင့်ကာဝင်သွားလိုက်ပြီးနောက် တံခါးကိုပြန်ပိတ်လိုက်ပြီး အရှေ့ကိုပြန်လှည့်လိုက်တဲ့အခါ ချီလန်ရဲ့ဒေါသမျက်ဝန်းတို့နဲ့ဆုံတွေ့သွားသည်။ ချီလန်က ကုတင်ပေါ်မှာခြေထောက်အနည်းငယ်ခွဲကာထိုင်နေပြီး သူ့ရဲ့လက်နှစ်ဖက်ကိုဒူးပေါ်တင်ကာဆုတ်ထွေးထားလေတယ်။ချီလန်ရဲ့ Bathrobeအဟလေးမှ ဖြူဖွေးနေတဲ့ရင်ဘတ်ကပေါ်လွင်နေတယ်။

ကျိုးချန်ကုန်းရဲ့နှစ်ရွက်ဖျားကရဲတက်သွားပြီး မကြာခင်အငွေ့ပျံတော့မလိုခံစားလာရတယ်။ ချီလန်ကဘာလို့ဆွဲဆောင်မှုရှိလွန်းနေတာလဲ။ အရမ်းကိုမှ ညို့ငင်နိုင်စွမ်းရှိပြီး ထိတွေ့ချင်စိတ်တို့ဖြစ်ပေါ်လာရတယ်။ ကျိုးချန်ကုန်း သူတွေးလိုက်တဲ့အတွေးကြောင့် ထိတ်လန့်ကြောက်လန့်သွားတယ်။

'ငါ ငါဘာတွေတွေးနေမိတာလဲ!ကိုယ့်ညီအပေါ်မှာ မဟုတ်တာတွေတွေးနေမိတယ်။သေစမ်း ကျိုးချန်ကုန်း၊မင်းကယုတ်မာတဲ့ကောင်ပဲ!'

မျက်နှာပြာနှမ်းသွားလိုက်နီရဲလာလိုက်ဖြူဖျော့လာလိုက်နှင့်ဂယောက်ချောက်ချားဖြစ်နေပုံရတဲ့ ကျိုးချန်ကုန်းကို ကျိုးချီလန် ဗလာကျင်းနေတဲ့မျက်ဝန်းဖြင့်စိုက်ကြည့်နေမိတယ်။ထိုနောက် ကုတင်ပေါ်မှထလိုက်ပြီး ကျိုးချန်ကုန်းဆီလျှောက်သွားလိုက်ကာ လက်ပိုက်လျက် ခေါင်းအနည်းငယ်ငုံ့ပြီး ကျိုးချန်ကုန်းမျက်နှာကိုသေချာကြည့်ကာ မေးလိုက်တယ်။

"အစ်ကိုကြီး..မင်းဘာဖြစ်နေတာလဲ?မျက်နှာလည်းနီနေတယ်..နေမကောင်းဘူးလား?"

"..."

နှာခေါင်းထဲဝင်လာတဲ့သင်းပျံ့တဲ့ကိုယ်သင်းရနံ့ကြောင့် ကျိုးချန်ကုန်း တောင့်တင်းသွားတယ်။အဲ့ဒီနောက် ချီလန်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ ခြောက်သွေ့မှုမရှိသေးတဲ့ဆံနွယ်တို့က နဖူးပြင်မှာအချောင်းလေးတွေဖြစ်ကာကျစင်းနေပြီး ရှင်းသန့်ချောမွေ့ပြီးအဖုအဖိမ့်ကင်းစင်တဲ့ ချီလန်မျက်နှာက လှလွန်းလို့သူအသံပင်မထွက်နိုင်တော့ပေ။

{ကျိုးချန်ကုန်း၏နှစ်သက်မှုရာခိုင်နှုန်း 85%}

ကျိုးချန်ကုန်း၏မျက်နှာကရဲတွတ်နေပေမဲ့ သူဟာဘာမှမဖြစ်ချင်ယောင်ဆောင်ကာ ပြုံးလိုက်တယ်။ဒါပေမဲ့သူ့အပြုံးကို့ရိုးကားယားနိုင်လှတယ်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now