Chapter - 50

4.1K 447 5
                                    

Unicode

ခလွမ်း

ဒုန်း

အခန်းထဲကဖန်ခွက်ကွဲကျသံနှင့်ဆူညံတို့ကြောင့် Mကစိတ်ဝင်စားစွာနားဆွံ့လို့နေတယ်။ Oneကရောက်လာပြီး Mကိုလာဆွဲလေတယ်။ oneရဲ့မျက်နှာ၌ဒဏ်ရာတွေနှင့်ပြည့်နေလေ၏။

"M စပ်စပ်စုစုမလုပ်နဲ့..ဆရာသိသွားရင်အပြစ်ပေးခံရလိမ့်မယ်။"

"သူတို့ဘာလုပ်နေလဲငါသိချင်လို့ပါ..အဲ့တစ်ယောက်ကတော်တော်တော့ချောတာနော်..ဆရာကသူနဲ့ဘယ်လိုသိတာလဲမသိဘူး ။"ဟု mကတံခါးနားမှာကပ်ကာအထဲကအသံတွေကိုနားထောင်ရင်း oneကိုပြောလေတယ်။

"ရှူးး အသံတွေတိတ်သွားပြီ"

အခန်းထဲမှာအသံတွေတိတ်ကုန်တာကြောင့် oneကMကိုသတိပေးလိုက်တယ်။ ခဏနေတော့အခန်းတံခါးပွင့်လာပြီး ကြယ်သီးအကုန်ပြုတ်ကာအင်္ကျီဖရိုဖရဲဖြစ်လျက် ဆံပင်တွေပါရှုပ်ပွနေတဲ့သူတို့ဆရာကိုမြင်လိုက်ရသည်။ mနှင့်oneခဲတောင့်သွားပြီး ခေါင်းငုံ့အရိုအသေပေးလိုက်ကြ၏။

"ခိုးနားထောင်ရတာပျော်ရဲ့လား..သွား ကွင်းထဲငါမရပ်ခိုင်းမချင်းပြေးကြ။ပြီးတော့ ဒီအထပ်ကိုဘယ်သူမှတက်မလာဖို့သတိပေးထားလိုက်!"

"ဟုတ်ကဲ့ပါ ဆရာ!"2

ထိုနောက်Mနှင့်oneက ကပြာကယာဖြင့်အမြန်ဆုံးပြေးထွက်သွားလေသည်။ ထိုအခါမှ လီယန်ကအခန်းထဲသို့ပြန်ဝင်ကာတံခါးကိုပိတ်၍လော့ချလိုက်သည်။ သူကကုတင်နားဆီသို့ပြန်သွားလိုက်ပြီး ကုတင်ပေါ်မှာလက်ကိုအင်္ကျီဖြင့်ချည်နှောင်ခြင်းခံထားရတဲ့လူကိုကြည့်လိုက်သည်။

ဗလာကျင်းနေသည့်အပေါ်ပိုင်း၌ဖြူဖြူဖွေးဖွေးအသားအရည်ထက်တွင် နီနီရဲရဲအမှတ်အသားများနှင့်ကိုက်ရာများကိုမြင်တွေ့နေရသည်။ ထို့အတူရင်ဘတ်ကအနီရောင်ရဲနေသည့်အသီးလေးကလည်း အနည်းငယ်ဖူးယောင်နေလျက်အကိုက်ခံထားရသည်။

လီယန့်ရဲ့မျက်နှာကအေးစက်သွား၏။ သူ့ရဲ့နားထင်ကြောတို့ကထောင်လာပြီး အံကိုတင်းတင်းကြိတ်ထားသောကြောင့်မေးရိုးကထင်းထွက်ကာ လည်ပင်းအကြောတို့ကလည်းထောင်မတ်လာလျက် ပေါက်ကွက်တော့မည့်အလား..။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now