Chapter - 27

5.1K 575 19
                                    

Unicode

ခွပ်ခွပ်

"အား..တောင်း တောင်းပန်ပါ..တယ်။ကျေး-ကျေးဇူးပြုပြီး..ခွင့်လွှတ်ပေးပါ..သခင်လေး..အား"

လူမရှိသောတောစပ်တစ်ခုရှိဂိုထောင်ဟောင်းတစ်ခု၌ထိုးကျိတ်ကန်ကျောက်သည့်အသံများနှင့်လူတစ်ယောက်၏သနားကမားဖြင့်တောင်းဆိုအသံတို့ကျယ်လောင်စွာထွက်ပေါ်လို့လာသည်။ ဂိုထောင်ထဲ၌လူတစ်ယောက်ကခုံတစ်ခုပေါ်၌ကြိုးဖြင့်ချည်တုတ်ခြင်းခံထားရပြီး သူ့ရဲ့တကိုယ်လုံးအဝတ်အစားကင်းမဲ့နေကာအတွင်းခံတစ်ခုသာဝတ်ဆင်ထားသည်။ ခန္ဓာကိုယ်တစ်ခုလုံးဟာလည်းသွေးတို့ပြည့်နေပြီး ရိုက်နှက်ဒဏ်ရာဒဏ်ချက်တို့ပြည့်နေလျက် မျက်နှာတစ်ခုလုံးလည်းဖူးယောင်ကိုင်းကာမျက်စိတစ်ဖက်ဆိုမပွင့်တော့ပဲ သွားတွေလည်းကျိုးကာကျွတ်ထွက်နေပြီး မြင်ရသူအဖို့အလွန်သနားစရာကောင်းနေသည်။

သို့သော်ဘေးမှာရပ်နေသောသက်တော်စောင့်ငါးယောက်ကတော့ မျက်နှာသေကြီးတွေဖြင့်ရှိနေကာသူတို့ရဲ့မျက်နှာထက်၌ကြင်နာသနားမှုတို့တစက်ကလေးမှယိုဖိမ့်လို့နေခြင်းမရှိကြချေ။

"ကျွန်တော်ဝန်ခံပါမယ်..ဝန်ခံပါ့မယ်..ဝူးဝူးဝူး"

ထိုလူကသူ့ရှေ့ရောက်လာတဲ့သံတုတ်ကိုမြင်တော့ ထပ်ပြီးအရိုက်မခံရဲတော့တာကြောင့် အကြောက်အကန်ဖြင့်ပြောဆိုလာတယ်။ သက်တော်စောင့်ကသံတုတ်ကိုအနောက်သို့ပို့လိုက်ပြီး အခြားခုံတစ်ခုံ၌ခြေချိတ်ကာထိုင်နေသည့်သူတို့ရဲ့သခင်လေးကိုပြောလိုက်သည်။

"ပထမသခင်လေး..သူကဝန်ခံပါမယ်တဲ့"

ကျိုးချန်ကုန်းရဲ့မှိတ်ထားသောမျက်လုံးကပွင့်လာပြီးနောက် သူကထိုင်နေရာမှထလိုက်သည်။ ထိုနောက်အိတ်ကပ်ထဲကအသံဖမ်းစက်ကိုထုတ်ကာခလုတ်ဖွင့်လိုက်ပြီး ထိုလူနဲ့ခြေနှစ်လှမ်းအကွာလောက်မှာရပ်လိုက်သည်။ သက်တော်စောင့်ကအလိုက်သိစွာထိုလူ့ကိုသံတုတ်ဖြင့်တို့ပြီး ပြောခိုင်းလိုက်သည်။

"ကျွန်တော်ကအလုပ်အပ်ခံရလို့လုပ်ပေးတာပါ။ အလုပ်အပ်တဲ့လူက ကျိုးမိသားစုကဒုတိယသခင်လေးကိုစိတ်ကြွဆေးပေးပြီး သိက္ခာကျအရှက်ကွဲအောင်လုပ်ခိုင်းတယ်။ ဒါပေမဲ့ ဒုတိယသခင်လေးကဘယ်လိုလုပ်ပြီးရိပ်မိသွားသလဲမသိဘူး။ကျွန်တော့်တောင်ပြန်အထိုးကျိတ်ခံခဲ့ရတာပါ။ယုံကြည်ပါဗျာ ဝူးဝူးဝူး"

⚠I Became The 4th Male Lead⚠(Complete✔)Wo Geschichten leben. Entdecke jetzt