Chapter - 54

3.9K 440 11
                                    

Unicode

လီယန်ကအခန်းထဲမှထွက်လာပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်။ သူ့မှာရေချိုးအဝတ်အစားလဲပြီး အမြန်ထွက်လာခဲ့တာ ဆံပင်ပင်မဖီးခဲ့ရပေ။ ဒါတောင်ချီလန်ကသူထွက်လာတော့ သူ့ကိုအတင်းအောက်ထပ်ထိုင်ခိုင်းနေသေး၏။ ဒီကလေးကတော့ ထွက်ပြေးဖို့ကြံစည်တာမဟုတ်ပဲ သူ့ကိုချချင်လို့ဉာဏ်နီဉာဏ်ဝါဉာဏ်နက်တွေသုံးတယ်တဲ့။

လီယန်ကမီးဖိုချောင်ထဲဝင်လာလိုက်ပြီး အလုပ်သမားတစ်ယောက်ကိုအစားအသောက်ပြင်ခိုင်းလိုက်သည်။ လီယန်မနက်စာဝိုင်း၌ဝင်ထိုင်တော့ ခုနကအခန်းတံခါးလာခေါက်သည့်အလုပ်သမားလေးကအပြေးရောက်လာကာ သူကမေးမြန်းလာ၏။

"ဆရာ..ခုနကအခန်းထဲဘာလုပ်နေတာလဲဟင်။ကျွန်တော်ကမနက်စာစားဖို့ဆရာ့ကိုလာခေါ်နေသေးတယ်။"

လီယန်ကထိုအလုပ်သမားကိုမျက်လုံးလှန်ကာတစ်ချက်စိုက်ကြည့်လိုက်ပေမဲ့ ဘာမှတော့ပြန်မပြောပဲ ကော်ဖီကိုသာသောက်နေလိုက်သည်။ အလုပ်သမားရဲ့နာမည်က စစ်ရှီဖြစ်ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ကညဘက်sexလုပ်ချင်တိုင်း စစ်ရှီကိုခေါ်လေ့ရှိသည်။ ချောမောကြည့်ကောင်းသလိုချမ်းလည်းချမ်းသာသည့်လီယန်ကို စစ်ရှီကတစ်ဖက်သတ်ချစ်နေတာဖြစ်သည်။

စစ်ရှီက လီယန်ဟာအခုလိုသူ့ကိုလျစ်လျူရှုထားတော့ဝမ်းနည်းလို့နေသည်။ပြီးတော့ မနေ့ကလည်းရုပ်ချောတဲ့လူတစ်ယောက်ကိုလီယန်ကခေါ်လာသေးသည်။ထိုလူနဲ့လီယန်ကတညလုံးအခန်းထဲမှာအတူတူရှိနေခဲ့ကြသည်။ oneကလည်းအပေါ်ထပ်သို့မတက်ဖို့သတိပေးခဲ့တော့ စစ်ရှီမှာလီယန်နဲ့ထိုလူဘာတွေလုပ်နေကြလည်းသိချင်တာတောင်သိခွင့်မရှိပေ။ စစ်ရှီရဲ့ရင်ထဲလေးလံနေသည်။ လီယန်ကသူ့ကိုစွန့်ပစ်ပြီးအခြားလူတစ်ယောက်နဲ့အပျော်ရှာမှာကိုသူမလိုလားပေ။

လီယန်ကသူ့ကိုမချစ်ရင်တောင် sexကိစ္စမှာသူ့တစ်ယောက်ထဲကိုပဲအသုံးချပေးတာနဲ့တင်ကျေနပ်သည်။ သူကနိမ့်ကျတဲ့အလုပ်သမားတစ်ယောက်ဖြစ်ပေမဲ့ သူစိမ်းလူထက်လီယန့်ဘေးမှာနေလာတာကြာပြီလေ။ သူကသာ အဲသူစိမ်းလူထက်လီယန့်အကြောင်းကိုပိုသိသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now