Chapter - 79

3.1K 318 7
                                    


Unicode

လီယန်ကအခုတလောဝေးလံတဲ့အရင်အိမ်မှာမနေပဲ၊ချီလန်တို့နှင့်သိပ်မဝေးသောနေရာ၌စံအိမ်တစ်ခုဝယ်ထားလေသည်။

ဒေါက်.ဒေါက်.ဒေါက်

အခန်းတံခါးခေါက်သံကြောင့် အလုပ်စားပွဲမှလီယန်ဟာထလိုက်သည်။ အလုပ်စားပွဲမှာထိုင်နေလို့အလုပ်လုပ်နေသည်ဟူ၍တော့မထင်လိုက်ပါနှင့်၊ ပုံထိုင်ဆွဲနေခြင်းသာဖြစ်သည်။

တံခါးဖွင့်လိုက်တော့ အလုပ်သမားတစ်ယောက်ကိုတွေ့လိုက်သည်။အလုပ်သမားဟာလီယန့်ကိုအရိုအသေပေးလာပြီး ပြောလာလေသည်။

"သခင်ကြီး၊ဧည့်ခန်းမှာဧည့်သည်ရောက်နေပါတယ်။ဒုတိယကျိုးသခင်လေးပါခင်ဗျ"

"ချီလန်.."

လီယန်ကချက်ချင်းအလုပ်သမားဘေးကနေဖြတ်လျှောက်ကာ အလျှင်စလိုဖြင့်အောက်ထပ်ကိုဆင်းသွားတော့သည်။အလုပ်သမားမှာအိန္ဓြေမဆယ်နိုင်လောက်အောင်ဖြစ်တဲ့အထိသွားတွေ့ရတဲ့ကျိုးသခင်လေးက သခင်ကြီးအတွက်အရေးပါတာလားဟုတွေးလိုက်ကာ အံ့သြလို့နေသည်။

အိမ်အောက်ထပ်သို့လှေကားထစ်တစ်လျှောက်ဆင်းလာလိုက်ပြီး ဧည့်ခန်းသို့အရောက်မှာ ဆိုဖာတွင်မီကာပျင်းရိပျင်းတွဲထိုင်နေသောချီလန့်ကိုသူမြင်လိုက်ရသည်။ လီယန်တစ်ယောက်ကြည်နူးမိသွားကာ သူ့ကိုယ်သူအရင်ဆုံးသေသေသပ်သပ်ပြင်ဆင်လိုက်ပြီး စိတ်တိုင်းကျသည်နှင့်ချီလန့်ဆီသို့လျှောက်သွားလိုက်လေသည်။

"ချီလန်"

"လီယန်!"

ချီလန်ဟာထိုင်နေရာမှထလိုက်ပြီး လီယန့်ရှေ့၌ရပ်လိုက်သည်။
"ခင်ဗျားကိုစောင့်နေတာ..ဘာတွေလုပ်နေတာလဲ?"

"ကိုယ်စာဆွဲနေတာ"

အနားကိုအရမ်းကပ်လာသောချီလန့်ကြောင့် လီယန့်ရဲ့ရင်ခုန်သံတွေမြန်ဆန်သွားကာ စကားတောင်မှားသွားရသည်။

ချီလန့်မှာတော့ တစ်ယောက်ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"ဟမ်?"

"မဟုတ်ဘူး..ပုံဆွဲနေတယ်ပြောတာ!"

လီယန့်မှာ စကားကိုပြန်ပြီးပြင်ပြောလိုက်ကာ ရှက်ရွံ့မှုကြောင့်သူ့ရဲ့နားရွက်ဖျားတို့ရဲတွတ်လို့သွားရသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now