Chapter - 26

5.4K 589 27
                                    

Unicode

ညသန်းခေါင်ယံ၌အခန်းတံခါးကိုတဒုန်းဒုန်းနှင့်ထုရိုက်သံတွေကြောင့် အိပ်ပျော်နေသည့်ကုန်းရီရှောင်နိုးလာလေသည်။ ကုန်းရီရှောင်မျက်လုံးကိုဖွင့်လိုက်ပြီးနောက် သူ့ရင်ခွင်ထဲရောက်နေသည့်ချီလန့်ကိုငုံ့ကြည့်လိုက်တယ်။ သူ့ရင်အုပ်ကကျယ်ပြန့်တာကြောင့် အခုလိုကျတော့ချီလန်ကသေးသေးလေးဖြစ်နေသည်။ တော်သေးသည်က ချီလန့်ရဲ့ဆေးအရှိန်ပြယ်သွားတာကြောင့် မိုးလင်းပေါက်ထိတော့သူတို့မဖြစ်ခဲ့ပေ။ ချီလန်ကိုကခံနိုင်ရည်ရှိခဲ့တာကြောင့် ဆေးအရှိန်ကခပ်မြန်မြန်ပဲပြယ်သွားတာဖြစ်နိုင်သည်။

*ဒုန်း..ဒုန်း*

တံခါးထုရိုက်သံထပ်ပြီးထွက်ပေါ်လာတဲ့အခါ ကုန်းရီရှောင်ကျစ်ခနဲစုတ်သပ်လိုက်ပြီး ကုတင်ပေါ်မှဆင်းလိုက်၏။ တံခါးကိုဆွဲဖွင့်လိုက်ပြီး တံခါးရှေ့၌ရပ်နေသောကျိုးချန်ကုန်းနှင့်ဝမ်ရန်ကောကိုမြင်တဲ့အခါ ကုန်းရီရှောင်အနည်းငယ်တွန့်ဆုတ်မိသွားပြီး ယောင်ယမ်းကာသူ့ရဲ့bathrobeကိုလုံခြုံစွာပြင်ဝတ်လိုက်သည်။ ဝမ်ရန်ကောကိုမြင်လိုက်ရတာကပြဿနာမရှိပေမဲ့ ကျိုးချန်ကုန်းကျတော့ကိစ္စရှိသွားပြီ၊ မိမိကသူ့ညီနှင့်မဖွယ်မရာတွေဖြစ်ပျက်ထားသည်မလား။

ကုန်းရီရှောင်ကဖျစ်ညစ်ပြုံးလိုက်ပြီး တံခါးဘောင်ပေါ်လက်ထောက်လိုက်သည်။ သူ့ပုံစံကဘာမှဖြစ်ပျက်ထားခြင်းမရှိတဲ့လူတစ်ယောက်လိုပဲ လုံးဝသဘာဝကျနေသည်။

"ဟယ်လို..ခင်ဗျားဘာကိစ္စရှိလို့လဲ?"

"အင့်..ခဏ!ဘယ်ကိုဝင်သွားတာလဲ!ဟင် မင်းကလည်းဘယ်ကိုလိုက်ဝင်တာလဲ..ခဏနေဦး!"

ကျိုးချန်ကုန်းကကုန်းရီရှောင်ကိုဘေးဘက်သို့တွန်းထုတ်လိုက်ပြီး အခန်းထဲကိုဝင်သွားလိုက်သည်။ဝမ်ရန်ကောကလည်းကျိုးချန်ကုန်းအနောက်မှလိုက်ဝင်သွားတဲ့အခါ ကုန်းရီရှောင်ကပြာယာခတ်သွားပြီး ထိုနှစ်ယောက်စလုံးကိုတားဆီးဖို့ပြင်လိုက်ပေမဲ့ နောက်ကျသွားပြီ။ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ ချီလန်ကိုမြင်တဲ့အခါ ကျိုးချန်ကုန်းတစ်ယောက်တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ဝမ်ရန်ကောကလည်းမျက်လုံးပြူးကျယ်သွားသည်။ ကုန်းရီရှောင်ကတော့ဘေးမှာရပ်ကာတံတွေးမြိုချလိုက်၏။အခုအခြေအနေကြီးကမသိရင် ယောကျာ်းကနောက်ကွယ်မှာဖောက်ပြန်တာကိုမိန်းမကလက်ပူးလက်ကြပ်မိသွားသလိုပဲ..။သူကတော့အဲ့ယောကျာ်းနဲ့ဖောက်ပြန်တဲ့အခြားသူပေါ့။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now