Chapter - 75

2.9K 314 4
                                    

Unicode

ချီလန်နှင့်ဝမ်ရန်ကောတို့စားသောက်ဆိုင်သို့ရောက်လာတဲ့အခါ အဝင်ဝ၌ဝမ်ရန်ကော၏အသိတစ်ယောက်နှင့်ဆုံလေသည်။

"အယ် ရန်ကောကော!"

ထိုလူငယ်ကဝမ်ရန်ကော၏လက်မောင်းဆီကိုပြေးဖက်လာသည်။သူ့ရဲ့မျက်နှာမှာအပြုံးကြီးကြီးတစ်ခုရှိနေပြီး သူကဝမ်ရန်ကောကိုမြင်လိုက်ရလို့အလွန်ပျော်ရွှင်နေပုံရသည်။

"ရန်ကောကော ကျွန်တော်ခင်ဗျားကိုဒီမှာတွေ့ရလိမ့်မယ်လို့မထင်ထားဘူး!"

ဝမ်ရန်ကောကထိုလူငယ်ကိုငုံ့ကြည့်လိုက်သည်။ပထမကသူမမှတ်မိပေမဲ့ နောက်တော့မှတ်မိသွားတဲ့အခါ ထိုလူငယ်ရဲ့လက်ကိုဖြုတ်ချလိုက်သည်။

"ရှရီ.."

"ခင်ဗျား ကျွန်တော့်ကိုမမေ့သေးဘူးပဲ ခစ်ခစ်!ရန်ကောကော ညစာလာစားတာမလား..ကျွန်တော်တို့နဲ့အတူလာစားလေ"

ရှရီကသူ့သူငယ်ချင်းတွေကိုလှည့်ကြည့်လိုက်သည်။ထိုလူတွေကရှရီနဲ့ဝမ်ရန်ကောဆီသို့ကပ်လာကြပြီး..

"ဟုတ်တယ်၊ကျွန်တော်တို့ညစာအတူစားရအောင်လေ မစ္စတာဝမ်..ရှရီကလည်းမစ္စတာဝမ်ကိုလွမ်းနေတာလေ"

ရှရီရဲ့မျက်နှာကနီမြန်းသွားကာ ထိုစကားပြောတဲ့တစ်ယောက်ကိုရှက်ရွံ့စွာလှမ်းရိုက်လိုက်သည်။
"ဘာတွေပြောနေတာလဲ မင်းကလည်း"

"အမှန်ပဲလေကွာ.."
"ရှရီကရှက်နေတာဟေ့.."

"မင်းတို့နော်!"

ရှရီကရှက်သွေးဖြာဝေလျက် ရှက်ရွံ့ချင်ယောင်ဆောင်ရင်း ဝမ်ရန်ကောကိုလည်းအကဲခတ်လိုက်သည်။ ဒါပမေဲ့ဝမျရနျကောကသူ့ကျုဂရုမစိုကျနပေဲ သူစိမ်းလူတစ်ယောက်ကိုကြည့်ပြီးစကားပြောနေ၏။

"ချီလန်..စောင့်နေရတာကြာသွားပြီ။လာ ညစာသွားစားရအောင်"

"အင်း"

"ရန်ကောကော!!ခဏနေပါဦး..!!"

ထွက်သွားတော့မလို့ပြင်နေတဲ့ဝမ်ရန်ကောကြောင့် ရှရီမှာကြောင်သွားပြီးနောက် သတိပြန်ဟင်လာပြီးဝမ်ရန်ကောကိုတားလိုက်သည်။ ဒီလူကဘယ်သူလဲ?ရန်ကောနဲ့ဘယ်လိုပတ်သတ်မှုမျိုးရှိနေရတာလဲ။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now