Chapter - 95

2.9K 303 2
                                    

Unicode

ဝမ်ရန်ကောကသူစားသောက်တာကိုကြည့်ပြီးနောက် အလုပ်ကိစ္စကြောင့် အမြန်ဆုံးပြန်ထွက်သွားသည်။ ချီလန်ဟာတော့ လီယန့်ဆီမှ"ကိုယ့်ဆီလာခဲ့"ဟုဆိုသည့် အရေးတကြီးဖုန်းခေါ်ဆိုမှုကြောင့် အပြင်သွားရန်ပြင်လိုက်သည်။ ဒါပေမဲ့သူ့ဘေးကနေ ခွေးတကောင်လိုတကောက်ကောက်ပါလာသောကျိုးချန်ကုန်းကြောင့် မျက်မှောင်လေးကြုတ်ကာလှည့်ကြည့်၍မေးလိုက်သည်။

"နေပါဦး..ကောကဘာလိုက်လုပ်မှာလဲ"

ကျိုးချန်ကုန်းကချစ်စရာကောင်းစွာပြုံးပြ၍ ချီလန့်အနားကပ်ကာ မျက်နှာချိုသွေးလာသည်။

"ဒီနေ့ ကောအလုပ်နားတယ်လေ။အဲတော့ ချီလန်ဘယ်သွားသွား ချီလန့်နောက်ကိုကောလိုက်မလို့"

"ဘယ်ကုမ္ပဏီပိုင်ရှင်က အလုပ်နားရတာရှိလို့လဲ?"

ကျိုးချန်ကုန်းကသူ့ကိုယ်သူလက်ညိုးလေးပြန်ထိုးပြ၍ ရယ်ရင်ပြန်ဖြေသည်။

"ကောလေ..ဟီး"

ချီလန်ကခဏလောက်တွေဝေလို့သွားသည်။ ကျိုးချန်ကုန်းကသူတို့အကြောင်းကိုသိနေသူဆိုတော့ ခေါ်သွားရင်လည်း ကိစ္စမရှိလောက်ဘူးဟုသူတွေးလိုက်သည်။ ထိုနောက်ဆုံးဖြတ်ချက်ချလိုက်သည်။

"အိုခေ..ကောလိုက်လို့ရတယ်"

ကျိုးချန်ကုန်းကရွှင်မြူးသွားကာ ချီလန့်လက်ထဲကကားသော့ကိုယူလိုက်ပြီး ချီလန့်ကိုကားတံခါးဖွင့်ပေးလိုက်သည်။

"တက်ပါ သခင်လေး!"

"အဟွန်း"

ချီလန်ကသဘောကျစွာပြုံးလိုက်ပြီး ကားထဲသို့ဝင်လိုက်တော့သည်။ ကျိုးချန်ကုန်းဟာလည်း တစ်ဖက်မှကားထဲသို့ဝင်လာ၍ ထိုနောက်သူဟာချီလန့်ကိုမေးလိုက်သည်။

"သခင်လေး..ဘယ်သွားမှာလဲခင်ဗျာ"

"အရင်ဆုံးကားစက်နှိုးလိုက်..ဒီသခင်လေးကလမ်းညွှန်ပေးမယ်"

"ဟုတ်ကဲ့ပါခင်ဗျ!"

____

ချီလန်လမ်းညွှန်ပြ၍ရောက်ရှိလာသည့်နေရာကိုရောက်သည့်အခါမှာတော့ သူတို့ကိုကြိုဆိုနေသူကိုမြင်လိုက်ရတဲ့စဥ် ကျိုးချန်ကုန်းစိတ်မရွှင်လန်းတော့ချေ။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now