Chapter - 33

4.8K 516 27
                                    

Unicode

ဆေးရုံကြီးဆီသို့ ကျိုးချန်ကုန်းနှင့်ချီလန်တို့ဟာအပြေးအလွှားရောက်လာခဲ့ကြသည်။ ဆေးရုံရောက်တော့ သူတို့ကြားသိလိုက်တာက အဖေဟာယာဥ်တိုက်မှုကြောင့်ပြင်းထန်တဲ့ဒဏ်ရာရရှ်ပြီးခွဲစိတ်ကုသမှုခံနေရသည်။ ထိုယာဥ်တိုက်မှုကအလွန်ကြီးမားကာ အခြားဒဏ်ရာရလူများလည်းဆေးရုံ၌ပြည့်နေ၏။

ခွဲစိတ်ခန်းရှေ့၌ ကျိုးချန်ကုန်းနှင့်ချီလန်ဟာခုံတန်း၌ထိုင်စောင့်နေကြသည်။ ကျိုးချန်ကုန်းကခေါင်းကိုငုံ့ချထားပြီး လက်နှစ်ဖက်ကိုဆုတ်ထွေးထားကာ သူ့ရဲ့ပုခုံးတွေကတုန်လှုပ်နေသည်။ မျက်ရည်တို့ကလည်းကြမ်းပြင်ပေါ်သို့တပေါက်ပေါက်နဲ့ကျဆင်းလို့နေတယ်။

ချီလန်ကတော့ဘာမှမခံစားရသောမျက်နှာနှင့်ထိုင်နေကာ သူဟာမျက်နှာကြပ်ကိုမော့ကြည့်နေမိသည်။ ထိုစဥ်ခွဲစိတ်မှုပြီးစီးကာ ဆရာဝန်ကထွက်လာလေသည်။ကျိုးချန်ကုန်းနဲ့ချီလန်လည်းထလိုက်ပြီး ဆရာဝန်ဆီသွားလိုက်သည်။ကျိုးချန်ကုန်းကနီရဲနေသောမျက်ဝန်းများဖြင့် ဆရာဝန်ကိုမျှော်လင့်ချက်တို့ဖြင့်မေးလိုက်သည်။

"ဒေါက်တာ..ကျွန်တော့်အဖေအခြေအနေဘယ်လိုရှိလဲ..ဘာအသက်အန္တရာယ်မှမရှိဘူးမလား ဒေါက်တာ!"

ဆရာဝန်ကကျိုးချန်ကုန်းနဲ့ချီလန်ကိုစိတ်မကောင်းစွာကြည့်သည်။ ထိုနောက်ခေါင်းကိုခါယမ်းလိုက်ကာ..

"စိတ်မကောင်းပါဘူး။ကျိုးသခင်ကြီးဆုံးပါးသွားပါပြီ..ကျိုးသခင်ကြီးကဒီကိုရောက်တဲ့အချိန်သွေးထွက်လွန်နေခဲ့ပါတယ်..ကုသဖို့အချိန်မမှီတော့ပါဘူး..ဆုံးရှုံးမှုအတွက်စိတ်မကောင်းပါဘူး"

ထိုနောက်ဆရာဝန်ကထွက်သွားလေတယ်။ ကျိုးချန်ကုန်းကယိုင်နဲ့သွားတာကြောင့် ချီလန်ကကျိုးချန်ကုန်းခါးကိုဖက်ကာလှမ်းထိန်းလိုက်တယ်။ ကျိုးချန်ကုန်းကအနောက်လှည့်ကာချီလန်ကိုဖက်လိုက်သည်။ချီလန့်ရဲ့ပုခုံးဟာစိုစွတ်သွားလေတယ်။

"ချီလန်..အဖေဆုံးပြီတဲ့..ဘယ်လိုလုပ်မလဲ...အဖေဆုံးသွားပြီ!!အဖေ!!"ဟု ကျိုးချန်ကုန်းဟာအော်ဟစ်ရင်းပြင်းထန်စွာငိုကြွေးလေတော့တယ်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now