Chapter - 57

3.8K 413 26
                                    

Unicode

ချီလန်ကသစ်ပင်အနောက်မှာထိုင်ပြီး ပုန်းနေသည်။ သူကလှုပ်ရှားသံကိုကြားလိုက်တာကြောင့် သစ်ပင်ကိုကွယ်ပြီးမသိမသာချောင်းကြည့်လိုက်သည်။ မှောင်နေပေမဲ့ လရဲ့အလင်းရောင်ကသစ်ပင်တွေကြားမှဖြာကျနေပြီး လီယန်ကိုသူမြင်လိုက်ရသည်။လီယန်ကအနီးအနားမှာခဏရပ်သွားပြီးနောက် တစ်နေရာသို့ထွက်သွားလေသည်။

ချီလန်သက်ပြင်းချလိုက်ပြီး သစ်ပင်ကိုမီလိုက်သည်။ လီယန်အဝေးကြီးကိုရောက်သည်နှင့် သူကားလမ်းမကိုရှာရမည်။ ချီလန်ကထိုသို့အစီအစဥ်ချလိုက်ရင်း မတ်တပ်ထရပ်လိုက်၏။ သူကအနောက်ကိုလှည့်ကာအခြေအနေကြည့်လိုက်တဲ့အချိန်မှာ ချီလန်တစ်ယောက်နှလုံးပင်ရပ်မလိုဖြစ်သွားရ၏။

အကြောင်းရင်းမှာ လီယန်ကဘယ်အချိန်ကတည်းကသစ်ပင်အနောက်မှာရပ်နေသလဲမသိချေ။ သစ်ပင်ပေါ်လက်ထောက်ကာသူ့ကိုစိုက်ကြည့်နေ၏။

ချီလန်"ဖာ့စ်"ဟုလန့်ဖြန့်ကာဆဲဆိုလိုက်မိပြီး သစ်ပင်အနားကအမြန်ခွာလိုက်မိသည်။ လီယန်ကဘယ်ချိန်ကရောက်နေတာလဲ။ သူလှုပ်ရှားသံနဲ့သစ်ကိုင်းခြောက်အသံတွေကိုမကြားမိဘူးလေ။

ချီလန်ကတံတွေးတစ်ချက်မြိုချလိုက်၏။
"ခင်ဗျား ကျုပ်ကိုဘယ်လိုတွေ့တာလဲ"

လီယန်ကလေထဲကိုအနံ့ရှူလိုက်ပြီး လျှာသပ်ပြ၏။ သူ့ရဲ့အမူအရာကစိတ္တဇလူသတ်သမားလိုပဲ ကျောချမ်းစရာကောင်းလှသည်။ သူကချီလန့်ဆီခြေတစ်လှမ်းချင်းကို နှေးနှေးဖြင့်လျှောက်လာသည်။

"မင်းရဲ့အနံ့လေးကလေထုထဲမှာပြည့်နှက်နေတာ အဲ့တော့မင်းရဲ့အနံ့အတိုင်းလိုက်လာတာပဲ"

"ခင်ဗျားကခွေးလား"ဟုချီလန်လှောင်ပြောင်လိုက်သည်။ ဒါပေမဲ့လီယန်အရှေ့ကိုတိုးလာလေလေ သူလည်းအနောက်ကိုဆုတ်သွားလေလေပဲ..။

အမှောင်ထဲမှာလီယန့်ရဲ့မျက်ဝန်းနီနီကတောက်ပနေပြီး ကြက်သီးထစရာကောင်းလှသည်။ ထိုမျက်ဝန်းနီနီတစ်စုံကသူ့ခန္ဓာကိုယ်ထဲကိုထိုးဖောက်သွားတော့မလိုပဲ စိုက်ကြည့်နေ၏။ ချီလန်ကအနောက်ကိုလှည့်ကာပြေးဖို့ချောင်းလိုက်သည်။ ဒါပေမဲ့သူ့ရဲ့လက်မောင်းတစ်စုံကဖမ်းဆွဲခြင်းခံလိုက်ရကာ ချီလန်ကလည်းရုန်းကန်လိုက်တဲ့အခါ၊ချီလန်နဲ့လီယန်ကရုန်းရင်းဆန်ခတ်ဖြစ်ရင်း လဲကျသွားကြသည်။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now