Chapter - 36

4.6K 539 34
                                    

Unicode

အစည်းအဝေးလုပ်နေသောတစ်လျှောက်လုံးမှာ အာရုံစိုက်မှုမရှိသောလူသုံးဦးရှိနေလေတယ်။ ဝမ်ရန်ကောကဘောပင်ကိုတတောက်တောက်တီးခေါက်ပြီး မျက်လုံးမှိတ်ကာလက်ပိုက်လျက်ထိုင်နေသောချီလန့်ကိုတစိမ့်စိမ့်ကြည့်နေမိသည်။ နောက်ထပ်လူတစ်ဦးကတော့ အမည်မသိလူဖြစ်ပြီး ထိုလူကချီလန့်အားအကဲခတ်သောအကြည့်တို့ဖြင့်ရှုစားနေ၏။ နောက်ဆုံးတစ်ဦးဟာတော့ ကျိုးချန်ကုန်းဖြစ်ပြီး သူလူချီလန့်ထံ၌ကပ်ညိနေသောလူနှစ်ဦး၏အကြည့်တို့ကိုသတိထားမိကာ မသင်္ကာဖြစ်လို့နေတယ်။

အစည်းအဝေးပြီးဆုံးသွားတဲ့အခါမှာတော့ ဝမ်ရန်ကောကချီလန့်ရဲ့ဘေးကနေအတူလိုက်လာလေတယ်။ကျိုးချန်ကုန်းကဘဝင်မကျစွာစိုက်ကြည့်လိုက်ပြီး ဝမ်ရန်ကောကိုသတိပေးလိုက်တယ်။

"အစည်းအဝေးလည်းပြီးပြီပဲ မစ္စတာဝမ်ကဘယ်အထိဆက်လိုက်ဦးမှာလဲ?ဒါမှမဟုတ် တစ်ခုခုပြောစရာရှိနေတာလား"

ဝမ်ရန်ကောကကျိုးချန်ကုန်းကိုတစ်ချက်ပြုံးပြလိုက်ပြီး သူကဘာမှပြန်မပြောပဲ ချီလန့်ကိုလှည့်ကြည့်ကာတောင်းဆိုလိုက်သည်။
"ချီလန်..ငါနဲ့အတူနေ့လယ်စာအတူလိုက်စားပါလား။ငါဒကာခံပါမယ်.."

"..."
ချီလန်ကအမူအရာမပြောင်းလဲပဲဝမ်ရန်ကောကိုသာကြည့်လိုက်တယ်။ဝမ်ရန်ကောကသူ့အဖြေကိုမျှော်လင့်တကြီးစောင့်ဆိုင်းလို့နေ၏။ ဒါကြောင့်ချီလန်လည်းလက်ခံလိုက်တယ်။မဟုတ်ရင်တောင် သူလည်းဗိုက်ဆာနေပြီလေ။အစည်းအဝေးခန်းထဲထိုင်ရတာညောင်းလည်းညောင်းညာပြီး အိမ်မှာထက်တောင်ပျင်းဖို့လည်းကောင်းလှသည်။

"အင်း..သွားမယ်။ကော နေ့လယ်စာသွားစားကြမယ်လေ..ချန်ကောကိုလည်းခေါ်လာလို့ရတယ်မလား"

"ရတာပေါ့။အဓိကကမင်းငါနဲ့နေ့လယ်စာလိုက်စားဖို့ပဲ"

ဝမ်ရန်ကောရဲ့အီစီကလီစကားကြောင့် ကျိုးချန်ကုန်းကစိတ်တိုသွားသည်။ ဝမ်ရန်ကောကိုစိတ်ချရမယ်လို့ထင်ထားတာ ဒင်းကပါသူ့ရဲ့ချီလန်ကိုမျက်စောင်းလာထိုးနေတာပဲ။သူယာခင်းထဲကသူဂရုတစိုက်စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်ကိုခိုးယူချင်နေကြတာပဲ။ ဒါပေမဲ့ချီလန်ကနေ့လယ်စာစားချင်တယ်ပြောတာကြောင့် ကျိုးချန်ကုန်းကဟန့်တားခြင်းမဆိုနိုင်တော့ဘူး။

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now